°°EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စ°°
Episode.8
အပေါ်ထပ်ကနေ စူးကနဲအော်ဟစ်လိုက်သံကြောင့် မီးဖိုခန်းထဲတွင်ချက်ပြုတ်နေသော D.O နဲ့ ဘေးနားကကူပေးနေသော Suho Kai Lay Luhan…မျက်လုံးတွေပြူးကုန်ကာ တစ်ယောက်နဲ့တစ်ယောက်မေးတွေငေါ့ကာ …
••…ဘာသံတွေလဲ…••
••…မသိဘူးလေ Baekhyun အသံထင်တယ်…••
••…Maknae နဲ့ Chen ကိုသွားနှိုးခိုင်းလိုက်တာလေ Baekhyun ကိုနှိုးပြီးမနက်စာစားဖို့…••
••…Maknae ဘာတွေသွားလုပ်ပြန်ပြီလဲမသိဘူး…••
••…သွားကြဦး လိုက်ကြည့်ဦး…••
••…omm…••အပေါ်ထပ်မှာတော့…
Sehun နဲ့ Chen …Baekhyun အခန်းတံခါးကိုအသာလေးဖွင့်ပြီး ကုတင်နားကိုလျှောက်သွားတော့ နှစ်ယောက်သား ပါးစပ်အဟောင်းသားဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်လုံးကျွတ်မတတ် ကြည့်နေရင်းမှ…Chen တစ်ယောက် Sehun ပါးစပ်လိုက်ပိတ်သည်တောင်မမှီတော့ပဲ ထပြောလေတော့သည်…••…ဒီနှစ်ယောက်ဘာလဲ…အူးး ဝူးး…••
••…ရှုး တိုးတိုး hyung ကလေ အရိပ်အကဲကိုနားမလည်ဘူး လာ ဆင်းမယ် လွှတ်ထားလိုက်…••Chen ကိုအတင်းချူ ပ်ဆွဲကာ အောက်ထပ်သို့ ပြန်ခေါ်ရန်အလှည့်မှာ…Chanyeol hyung ရဲ့ရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်ပျော်နေသော Baekhyun တစ်ယောက်နိုးလာလေတော့သည်…Chanyeol ခါးကိုလက်သေးသေးဖြင့်ဖက်တွယ်ထားရာမှ Chen နဲ့ Sehun ကိုမြင်သွားပြီး သူတို့ရဲ့ပြူးတူးပြဲတဲ အမူအရာတွေကြောင့် သူဖက်ထားတဲ့ Chanyeol ကိုဆတ်ကနဲမော့ကြည့်မိသွားပုံရသည်…ထို့နောက် ဖက်တွယ်ထားသောလက်ကို ကြောက်လန့်တကြားဖြုတ်၍ ထထိုင်လိုက်ပြီး အားးးကနဲအော်ကာ…ဘေးစောင်းပြီးအိပ်နေသော Chanyeol ရဲ့ဗိုက်အား ခြေထောက်ဖွေးဖွေးသေးသေးဖြင့် အားကုန်ကန်ချလိုက်လေသော မြင်ကွင်းကို အံ့အားသင့်စွာ ပွဲကြည့်ပရိတ်သတ်လုပ်နေသည့် နှစ်ယောက်…
••…အားးးး !!!!…မင်းက ဘာလဲ…••
••…အားးး!!!!!!! သေပါပြီ …••ကုတင်အောက်ကို အသားလွတ်ပြုတ်ကျသွားတဲ့ Chanyeol တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရာက အကန်ခံလိုက်ရ၍ လန့်ဖြန့်သွားမှုကပိုလိမ့်မည်ထင်သည်…အိပ်ချင်သည့်စိတ်တောင် ဘယ်ပျောက်မှန်းမသိပဲ နာသွားသည့်ခါးကို ကိုင်ကာ ထလာပြီး ရှုံ့မဲ့မဲ့ဖြင့်…
YOU ARE READING
EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စ
FanfictionL တစ်ယောက်ရဲ့ရင်ထဲက ဖြစ်တည်နေတတ်တဲ့ နှလုံးသား တစ်စွန်းတစ်စလေးဟာ သေးငယ်မှုန်ပျပြီး... မြင်တွေ့ရဖို့ မလွယ်ကူပေမဲ့... နက်ရှိုင်းကျယ်ပြန့်ပြီး နက်နဲစွာပေးဆပ်ထားရတာကို... သက်သေပြနိုင်ခဲ့တဲ့ L အဖြစ်နဲ့ သူမ...[K]