အဖိုးတန်နှလုံးသားလက်ဆောင်

538 37 12
                                    

                  °°EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စ°°

Episode.25 (End)

••…ဟူးး…••

စိတ်ရှုပ်စွာ သက်ပြင်းခပ်ပြတ်ပြတ်အား မှုတ်ထုတ်လိုက်ပြီးနောက်…ကုတင်နံရံအားမှီကာ ပတ်တီးအထပ်ထပ်နဲ့လှုပ်မရအောင်လုပ်ထားခံရသောညာဘက်လက်အား စိတ်ပျက်ပျက်နဲ့ ကြည့်နေမိသည်……

ထိုစဉ် တံခါးအားဝုန်းကနဲဆွဲဖွင့်၍ ညင်သာမှုမရှိ ရေးကြီးသုတ်ပျာဝင်လာသောချစ်သူကိုအတွေ့မှာ ခါးကိုမတ်လိုက်မိသည်…
ဘာဖြစ်လာပြန်တာပါလိမ့်…
အူကြောင်ကြောင်ဖြင့် ကြည့်နေမိတော့…
မျက်နှာလေးက ဘာမပြောညာမပြောနဲ့ အိကနဲမဲ့ရှုံ့လာပြီးကလေးလေးလို ငိုလာသည်မို့ လန့်ဖြန့်ကာ ဘာဖြစ်သည်ကိုမေးဖို့ စကားရှာရုံရှိသေး…ကုတင်ပေါ်ပစ်ထိုင်လာကာ ရင်ခွင်ထဲအတင်းတိုးဝင်ကာ ရှိုက်ကြီးတငင်နဲ့ ခါးကိုဖက် ရင်ဘတ်ကိုမျက်နှာအပ်လို့…ကိုယ့်မှာတော့ တစ်ခဏလေးအတွင်းကို ယောက်ယတ်တွေခတ်ကုန်သည်…လက်တစ်ဖက်က လှုပ်ရှားမရ၍ ကျန်လက်တစ်ဖက်ဖြင့် ပုခုံးလေးကိုဆွဲကိုင်ကြည့်လိုက်…မျက်နှာလေးကို မော့ယူလိုက်ဖြင့်……စိုးရိမ်စွာ မေးခွန်းတွေလဲထုတ်ရပြန်သည်…

••…Baek…Baek ကလေးလေး ဘာဖြစ်လာတာလဲ…ဟမ် ကိုယ်မေးနေတယ် ဘာဖြစ်လာလို့ဒီလိုအော်ငိုနေရတာလဲလို့ Baek…ကိုယ့်ကိုကြည့်ပါဦးနော်……••
••…ဟီးးးးးး ဟင့် ဟင့်…••
••…Baek ကိုယ်စိတ်ပူလာပြီနော်…အခုမှ ပင်လယ်ကပြန်ရောက်တာမလား…ဘာဖြစ်လာလို့လဲ ကိုယ်မေးနေတယ်…••
••…ဟင့်…••

ထိုကဲ့သို့ ခပ်ဆတ်ဆတ်လေး အသံမာမာနဲ့မေးတော့မှ အငိုရပ်သွားပြီး ရှိုက်သံလေးသဲ့သဲ့နဲ့ မျက်ရည်သုတ်ကာ မော့ကြည့်လာပြီး…ပြောတဲ့စကားက ကိုယ့်ကိုတကယ်ပဲ အူကြောင်ကြောင်ဖြစ်စေသည်…

••…ဟင့်…နာနေလား…••
••…ဟမ်…••
••…လက်က အရမ်းနာနေလားလို့ မေးနေတာ…••
••…arr ! မနာတော့ပါဘူး…••

ပတ်တီးဖြူ ဖြူ နဲ့ကိုယ့်လက်ကို ခပ်ဖွဖွလာအုပ်မိုးကိုင်ပြီး အားနာဟန်လေးဖြင့် တောင်းပန်လာခဲ့ပြန်သည်…
ကိုယ့်ကို ဘယ်တော့မှ တောင်းပန်စရာမလိုဘူးဆိုတာကို သူမသိလေရော့သလား……

EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စWhere stories live. Discover now