ခွင့်လွှတ်ရန် မမှားခဲ့သည်လေ

260 23 0
                                    

                  °°EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စ°°

Episode.24

••…Baek သတိရပြီလား…••

နားထဲဝင်လာသည်က စိုးရိမ်စွာ လှုပ်နှိုးနေသည့် Yeol အသံ…
လေးလံနေသည့်မျက်ဝန်းတို့ကို ဖွင့်လိုက်မိသည်ကရည်ရွယ်ချက်တစ်ခုတည်းသာ…
အတင်းကုန်းထရန်လုပ်နေတဲ့ကျွန်တော့်ကိုစိုးရိမ်စွာ လာကူပေးသည့်လက်တွေကိုငြင်းဆန်ကာ ယိုင်နဲ့နဲ့ဖြင့် ကုတင်ပေါ်မှခြေထောက်တွေချလိုက်ပြီး

••…သွားမယ် လိုက်ခဲ့…••
••…ဘယ်ကိုလဲ Baek…••
••…K ဆီ…••

မျက်ခုံးနှစ်ဖက်တို့အား မြင့်တက်သွားသည်အထိ အံ့သြသွားစရာလိုလို့လား…စိုးရိမ်တဲ့အရာတွေ ပေါ်သွားမှန်းသိလို့လား…

••…omm နေကောင်းရင်သွားမယ်လေ နော်…အခု Baek က…••
••…အခု ချက်ချင်း သွားမယ်လို့ !!!…••

ခပ်ဆောင့်ဆောင့်လေး အော်လာကာ မကြည်လင်သောအကြည့်များကြောင့် အနည်းငယ်ထိတ်လန့်သွားမိသည်…
မူးလဲသွားသည်က K ရဲ့အခန်းဖြစ်နေကတည်းက စိတ်ထဲမှာသိပ်မသင်္ကာနေတာ…အခန်းထဲကနေ တစ်ခုခုကိုများ သိသွားတာလား…ဒါမှမဟုတ် မှတ်ညဏ်ပြန်ရသွားတာများလား……

တောင်ကုန်းလေး…သူမ အေးချမ်းစွာအနားယူနိုင်ဖို့တောင်းဆိုထားလို့ မြေမြှုပ်သဂြိုလ်ပေးခဲ့တဲ့ တောင်ကုန်းမြေပုံမို့မို့လေး…
သေဆုံးပြီးသွားတာတောင် မြေကြီးရဲ့အနှစ်သာရကိုခံစားပြီး ဒီမြေကြီးပေါ်မှာသက်ရောက်တဲ့ ရေ လေ နေတို့ကို ခံစားကြည့်ချင်ပါတယ်ဆိုတဲ့ သူမ………………
ကိုယ် မင်းအပေါ် ဘယ်လောက်တောင်အမှားကျူးလွန်မိခဲ့ပြီလဲ…

မြေပုံရှေ့ ခဏကြာရပ်ကြည့်နေခဲ့ပြီး ဒူးထောက်ချလိုက်၍ နောက်မှ ထိတ်လန့်စွာတားမြစ်လာသော သူ…

••…Baek !!!!…••
••…miyanae…miyanae K ah !!!…ကိုယ်မသိခဲ့ဘူး…တကယ်မမှတ်မိခဲ့ဘူး…••

ဟင်…ဒါဆို Baek တကယ်ပဲမှတ်မိသွားတာပေါ့…
အရမ်းနာကျင်နေတော့မှာပဲ…ဘယ်လိုလုပ်ရမလဲ Baek ရယ်…

••…မင်းလိုမိန်းကလေးမျိုးကိုမှ ကိုယ်ယုတ်ယုတ်မာမာနဲ့မေ့သွားခဲ့တယ် K ရယ်…ဟင့် !…ကိုယ်မတရားဘူး…ကိုယ်မကောင်းဘူး…ဘာလို့ ဒီလိုအသုံးမကျစွာ မေ့သွားခဲ့ရလဲမသိခဲ့ဘူး…ကိုယ့်ကိုခွင့်မလွတ်ပါနဲ့ K …ဟင့် ကိုယ့်ကိုခွင့်မလွတ်ပါနဲ့…ကိုယ့်ကိုပြောခဲ့ရမှာပေါ့…ကျွန်မကရှင့်ချစ်သူပါဆိုပြီး လာပြောရမှာပေါ့…ဘာလို့တစ်ယောက်တည်းဒီလောက်များပြားတဲ့နာကျင်မှုတွေကို ကြိတ်မှိတ်သည်းခံခဲ့တာလဲ K ရယ်…ကိုယ်မမှတ်မိလဲ လာရှာပြီးကိုယ့်ကိုစိတ်ဆိုးဒေါသထွက်ပြခဲ့ရမှာပေါ့…ဘာလို့ အရူးလိုမြိုသိပ်ခဲ့ရတာလဲ Wae??…အခု ကိုယ် အခုမှမှတ်မိတော့ဘ်လောက်နောက်ကျနေခဲ့ပြီလဲ K ရယ်…ကိုယ့်ကိုပြောခဲ့ရမှာပေါ့ ဟင့်…••
••…Baek တော်ပြီနော်…ဖြစ်ချင်လို့ဖြစ်တာတွေမှမဟုတ်တာ…ဒါတွေမင်းကြောင့်မှမဟုတ်တာ Baek ရယ် ထတော့နော်…••

EXO L ရဲ့နှလုံးသားတစ်စွန်းတစ်စWhere stories live. Discover now