Chapter(8)

3.3K 497 78
                                    

♡Dear Boss Daddy♡

အချစ်ဦးကိုခဗျားတို့မေ့လို့ရလား?...

"အချစ်ဦး" ဆိုတဲ့စကားလုံးကိုကြားတာနဲ့ တစ်စုံတစ်ယောက်ကတော့ အတွေးထဲဝင်လာတယ်မလား?...

ကျွန်တော့်အတွက်လည်းအဲဒီလိုဘဲ...အချစ်ဆိုတဲ့စကားလုံးကိုဘဲဖြစ်ဖြစ်ကြားလိုက်ရရင် ကျွန်တော်ပထမဆုံးမြင်ယောင်တာ ဆုဇု ကိုဘဲ...

ပြီးတော့ ကျွန်တော်ကြောက်တယ်...

ကျွန်တော့်အတွေးတွေကို ၇နှစ်လောက်စိုးမိုးခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်ကတစ်လလောက်ဘဲ တွေ့ဖူးသေးတဲ့လူတစ်ယောက်ကြောင့် မေ့နိုင်မယ်တဲ့လား....

ကျွန်တော်ကြောက်တယ်...မမေ့နိုင်မှာကိုလည်းကြောက်တယ်...ပြီးတော့...သူဌေးကိုကျွန်တော်နာကျင်အောင်လုပ်မိမှာလည်းကြောက်တယ်...ဒါကြောင့်ကျွန်တော် သူဌေးနဲ့အဲဒီနေ့ကအပင်ကြီးအောက်က ဖြစ်ခဲ့တာကို မသိမသာလေးဘဲဖြစ်အောင်နေလိုက်ဖို့ဆုံးဖြတ်လိုက်တယ်...

ကျွန်တော်သူ့ကိုချစ်သလား မချစ်သလားကိုစမ်းစစ်မိတဲ့အချိန်ထိ ကျွန်တော်မသိမသာလေးနေဖို့စဉ်းစားလိုက်တာ...

ဒါပေမယ့် ခက်တယ် ! ဒါတွေအားလုံးဖြစ်အပြီးမှာ ! သူကလည်းကျွန်တော့်ကိုချစ်နေခဲ့တဲ့အကြောင်းကောပြီးတော့ နှုတ်ခမ်းတွေဖူးယောင်သွားလောက်တဲ့ထိ ရှည်ကြာတဲ့အနမ်းကြီးကိုတောင် အတူတူဖန်တီးပြီးမှဆိုတော့...

သူတော့မသိ ! ကျွန်တော်တော့သူ့ကိုမျက်နှာချင်းဆိုင်ဖို့တောင် အရမ်းရှက်နေမိတာ ! ဒါနဲ့ ! ကျွန်တော်နဲ့သူချစ်သူတွေဖြစ်သွားပြီလား??

သူကသူဟိုးအရင်တည်းကချစ်နေတဲ့အကြောင်းဘဲပြောပြီးနမ်းခဲ့တာဆိုတော့ ! ကျွန်တော့်အဖြေကိုလည်း ပြန်မတောင်းခဲ့ဘူးဆိုတော့ ??...

အား ! ! ဒါကဘာအခြေအနေကြီးလဲ ! ! ><

"ကျန်းမာရေးဂရုစိုက်ဦးနော်....နောက်တစ်ခါပြန်လာမယ်ဆိုရင် အမေ့ကိုလှမ်းအကြောင်းလေးဘာလေးကြားလိုက်ဦး...ခုလည်းနည်းနည်းလောက်ထပ်နေပါဦးလား ! မနေ့မနက်ကမှဒီရောက်တာ ခုပြန်တော့မလို့လား.."

Dear Boss Daddy♡....Where stories live. Discover now