Chapter(11)

3.5K 532 77
                                    

♡Dear Boss Daddy♡

ကျွန်တော်ထင်ပြီးသား...

ဒီကလေး ဒီနေ့ခြေလှမ်းပျက်နေတာကို ကျွန်တော်ရိပ်မိပြီးသား
...

အရင်ဆို ကုမ္ပဏီကို မလိုက်ချင်ဘူး အော်ပြီး ကားပေါ်ကို သူအရင်ဦးအောင် ကြိုတက်နှင့်နေတတ်တဲ့ကလေး...

ဒီနေ့မှ မလိုက်တော့ဘူး ဘာညာဆိုတည်းက ကျွန်တော်ရိပ်မိပြီးသား...

ဒါကြောင့် ကျွန်တော် ကုမ္ပဏီသွားချင်ယောင်ဆောင်ပြီး သူ့ကိုနောက်ယောင်ခံလိုက်ခဲ့တာ...

ဖြစ်ချင်တော့ ချာတိတ်သွားတဲ့ Hotel ကကျွန်တော်ပိုင်တဲ့ Hotel...

ဒီတော့ အတွင်းထဲကို ရောက်ဖို့ကကျွန်တော့်အတွက် သိပ်မခက်ခဲခဲ့ဘူး....

သူ့သူငယ်ချင်း ဂျွန်မင်းဆိုတဲ့ကောင်လေးနဲ့တောင် တွေ့ခဲ့သေးလို့ ချာတိတ်ရှိတဲ့ဆီခေါ်လာခဲ့ပေးတယ်...

အခန်းထဲ ဝင်ဝင်ချင်းမြင်ရတဲ့မြင်ကွင်းက ကျွန်တော့်ကို အကြိမ်ကြိမ်ကြေကွဲစေတာအမှန်....

ကျွန်တော်တောင် မထိရက်တဲ့ ချာတိတ်ရဲ့ ရင်ဘတ်ကို ဟိုကလေးမလေးက အသာကိုင်တွယ်ရင်း ပန်းထိုးပေးနေတယ်....

ကြည့်ရတာ မင်္ဂလာဆောင်မှာက သူတို့၂ယောက်လားဘဲ...

ရယ်နေလိုက်ကြတာ...

ကျွန်တော်ရပ်နေတာကိုတောင် မမြင်နိုင်ကြဘူး...

"ဂျောင်ဆူး..."

ကျွန်တော် ဆက်မကြည့်နိုင်တော့တာမို့ ချာတိတ်နာမည်ကို ခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ မျက်နှာလေးက ကျွန်တော့်ကိုမြင်တော့ အံ့ဩသွားလိုက်တာများ...

"ကိုကို...."

မင်းပြောခဲ့သလိုဘဲ အဲ့ကောင်မလေးက သိပ်လှပါတယ် ဂျောင်ဆူး....

ဒါပေမယ့် မင်းလို ထိရက်စရာမရှိအောင် ကြွကြွလေး လှတာမျိုးတော့ မဟုတ်ဘူး ဂျောင်ဆူး...

မင်းပြောသလို နှင်းပွင့်တွေကြားမှာ တွေ့ခဲ့တဲ့ နှင်းပွင့်လေးလိုဆိုတဲ့ကောင်မလေးက မင်းလို ကြွေရုပ်လေး မဟုတ်တာတော့အမှန်ဘဲ....

Dear Boss Daddy♡....Where stories live. Discover now