Chapter(16)

2.8K 441 61
                                    

♡Dear Boss Daddy♡

ကျွန်တော်ငုပ်တုပ်ထိုင်နေရင်းကနေ ရှေ့ကစားပွဲကို လက်ကတဒေါက်ဒေါက်ခေါက်မိနေတယ်...

မနေ့ညကလည်းတစ်ညလုံးမအိပ်ခဲ့ဘူး....

ခုထိလည်းတရေးမှမအိပ်ရသေးဘူး...

မနေ့ညက ကျွန်တော်စေ့စပ်ပွဲကအပြန် ဂျင်ဟေးလ်ကိုပြန်ဖို့ လုပ်နေတဲ့အချိန်မှာ ချာတိတ်ဆီကဖုန်းလာတယ်....

အလန့်တကြားကိုင်လိုက်တော့ အကိုရီရှင်းတဲ့... ဂျောင်ဆူးက အရမ်းမူးနေပြီတဲ့...အရေးကြီးတယ် ခုချက်ချင်းလာခဲ့ပါတဲ့...

ကျွန်တော်ပြာယာခပ်ပြီး အပြေးသွားတော့ ချာတိတ်ကိုကျွန်တော်နဲ့ ထည့်ပေးလိုက်တယ်..

ထွက်ပြေးကြတော့တဲ့...

ကျွန်တော်မယုံနိုင်လို့ပါးစပ်အဟောင်းသားဖြစ်ရသေးတယ်..

ကျန်တာသူကြည့်ရှင်းမှာမို့လို့ ဂျောင်ဆူးကိုခေါ်ပြီး သွားတော့တဲ့...

အရမ်းမူးနေပြီး ခေါင်းတောင်မထောင်နိုင်တဲ့ ချာတိတ်ကို ကျွန်တော် ကားပေါ်တင်ရင်း ကျွန်တော့်အထုပ်တွေပြန်ဝင်ယူပြီး ဒီရွာကိုဘဲလာခဲ့လိုက်ရတယ်...

တော်ရုံလူမတွေးနိုင်တဲ့နေရာမို့သူ့အဖေရှာတွေ့မှာကိုစိတ်မပူပေမယ့်... ချာတိတ်က သူ့အဖေဆီ ပြန်သွားမယ်လို့ စိတ်ဆုံးဖြတ်မှာကိုတော့ ကျွန်တော်သေမတတ်ကြောက်တယ်...

မနေ့ညကလည်း ဒီရောက်,ရောက်ချင်း အခန်းထဲချာတိတ်ကို ထည့်ပြီးတာနဲ့ ကျွန်တော်ထိုင်ကြည့်နေမိတယ်..

ထိုင်ကြည့်ရင်း အနမ်းသူခိုးတောင် လုပ်ခဲ့သေးတယ်...

ကျွန်တော်ဘယ်လောက်တောင်များလွမ်းနေခဲ့ရသလဲ...

°•ဟူး....•°

ရင်တွေပူနေရတာကတကယ်ကိုသေတော့မတတ်ဘဲ...

ချာတိတ်ကများ အဖေ့ဆီပြန်ပို့ပေး ဆိုပြီးပြောလာရင် ကျွန်တော်ဘာလုပ်ရပါ့...

ပြန်ပို့မယ်လို့ပြောပြီး အိပ်ဆေးတိုက်လိုက်ရမလား?...

ပြီးရင် ပြန်ပေးဆွဲလိုက်မယ်လေ...

Dear Boss Daddy♡....Where stories live. Discover now