My Love-10

5.6K 184 90
                                    

Fany-ဘာ.....

Fany ဖုန်းချလိုက်ပြီး ဘေးကနှစ်ခြိုက်စွာအိပ်နေတဲ့သူ့ကိုကြည့်ရင်း..........သူ့ပါးကိုကောက်နမ်းလိုက်ကာ
ဒုက္ခပါဘဲ..နင်နဲ့မဝေးချင်ဘူး Taeyeon
.
.
အိမ်ပြန်လာတဲ့လမ်းမှာ Miyoung ဂဏာမငြိမ်တော့...........Tae သူ့လက်ကိုကိုင်ကာ ဘာစိတ်ပူစရာတွေရှိလို့လဲ

Fany-Tae ပုခုံးပေါ်မှီရင်း ..ဘာမှမရှိပါဘူး Taeyeon ရယ်.....

တစ်ခုခုဖြစ်လာတော့မယောင် Tae ရဲ့စိတ်လည်းလေးလံလာတော့သည်။

Fany Taeyeon ကိုအိမ်ပေါက်ဝထိလိုက်ပို့ပေးရင်း စိတ်ဒုက္ခရောက်နေရသည်။
သူ့အိမ်တောင်ရောက်လာပြီ...
Tae-Miyoung အခန်းထဲလိုက်ဝင်ဦးလေ
Fany-ဒီနေ့နင်အရမ်းပင်ပန်းနေပြီ....နားလိုက်တော့နော်..ငါနောက်နေ့မှလာခဲ့မယ် Taeyeon

Tae-အင်းပါ

Fany ..Tae နဖူးကိုနမ်းပြီး..လက်ကိုကိုင်ကာ ငါနင့်ကိုချစ်တယ် Taeyeon....ပြောပြီးတာနဲ့ပြေးထွက်သွားတော့ Tae တံခါးနားမှာအတော်ကြာရပ်နေမိသည်
ဘာဖြစ်တာပါလိမ့်

......

ခြေသံတစ်စုံကြားရသည်...ပြေးလာတဲ့ခြေသံ

Fany လှေကားတွေကနေပြန်ပြေးတက်လာရင်း...အထဲမဝင်ပါနဲ့ဦး...စောင့်နေပေးပါဦး...နင့်ကိုခေါ်ထုတ်ဖို့ငါ့မှာသတ္တိမရှိဘူး.....စောင့်နေပါဦး...မဝင်ပါနဲ့ဦး.....နင့်ကိုဒုက္ခတောထဲဆွဲခေါ်ဖို့တော့နင့်အိမ်တံခါးကိုငါမလှပ်ရဲဘူး

......

Fany တိုက်အောက်ရောက်ပြီးမှ နှစ်ယောက်လုံးမဝေးမယ့်အတွေးတစ်ခုဝင်လာတာကြောင့် လှမ်းနေတဲ့ခြေအစုံကရပ်တန့်သွားပြီး... အဲ့အတွေးကြောင့်တစ်ကိုယ်လုံးရှိ အာရုံတို့ပွင့်လင်းသွားသလိုပင်

တကယ်လို့ သူ့ကိုပါခေါ်သွားရင်ရော.....ဒုက္ခတောထဲပေမဲ့..ငါကာကွယ်ပေးမယ်လေ..ငါသူ့အနားမှာလိုအင်တွေကိုဖြည့်ဆည်းပေးမယ်လေ......
Fany ကိုယ့်အတွေးကိုကိုယ်အတည်ပြုပြီးတာနဲ့ ချက်ချင်းပြန်လှည့်ပြေးလာကာ...........
ပြေးနေတဲ့တစ်လမ်းလုံးလိုလို
သူသာအိမ်ထဲမဝင်သေးရင် လိုက်ခဲ့ဖို့ဖွင့်ပြောမယ်!
သူသာစောင့်နေခဲ့သေးရင်.....စောင့်နေခဲ့သေးရင်
တကယ်လို့ အိမ်ထဲဝင်သွားခဲ့ပြီးရင်ရော.....
ကံကြမ္မာကိုဘဲပုံအပ်လိုက်တော့မယ် Taeရယ်
စောင့်နေပေးပါလား....

My LoveWhere stories live. Discover now