My Love-21

2.8K 152 22
                                    

At Meeting time,

သဘာပတိ-Arnyinyasayaw.....
Nae..အခုက Kim Group ရဲ့ဥက္ကဌရွေးချယ်ပွဲစတော့မှာပါ
ပွဲမစခင်အခုဘဲ ရရှိတဲ့သတင်းကိုပြောပေးချင်ပါတယ်
အရင်ကကြေညာထားသလို အရေးကြီးရှယ်ယာရှင်နေရာ 33ယောက်က အပြောင်းအလဲဖြစ်သွားပါတယ်ခင်မျာ

ဟုတ်ကဲ့...ရှယ်ယာရာခိုင်နှုန်း စုစုပေါင်းရဲ့ဆယ်ရာခိုင်နှုန်းနဲ့ ရှယ်ယာရှင် Hwang Miyoung တစ်ယောက်ထပ်တိုးလာပါတယ်ခင်မျာ။

Fany ထိုင်ရာကနေမတ်တပ်ရပ်ကာ ခန်းမထဲကလူတွေကိုနှုတ်ဆက်လိုက်တော့..အားလုံးရဲ့မျက်နှာက သုန်မှုန်နေသည်။ Tae က မတ်တပ်ရပ်ကာလက်ခုပ်တီး ပြီးသူ့ကိုကြည့်ကာ ပြုံးနေလေသည်။
ထို့နောက်တော့ မကောင်းတတ်လို့တီးရတဲ့လက်ခုပ်သံတွေပေါ်လာကြသည်။

All-စိတ်ရှိတိုင်းသာဆိုရင် အပျက်မတစ်ယောက်ကတန်းတူလာထိုင်နေတာကိုဘယ်သူမှမမြင်ချင်ကြ။သ်ု့သော် ထပြီးကန့်ကွက်ရင် Kim Taeyeon ဆိုတဲ့တစ်ယောက်ကသူ့လက်ထဲက အားလုံးရဲ့ အားနည်းချက်နဲ့မိန်းမကိစ္စတွေကိုချပြလိုက်မှာကြောက်တာကြောင့် အကုန်လုံးက ရေငုံနှုတ်ပိတ်နေလိုက်ကြသည်။

J တစ်ယောက်ကသာ ထပြီး....
သဘာပတိ.... ဒီမိန်းမရဲ့အကြောင်းကိုသိလိုဒီခန်းမထဲမှာအထိုင်ခံတာလား

Fany လန့်ကာဘယ်လိုပြန်ပြောရမလဲမသိခင် Taeyeon ကလက်ကိုမသိမသာလာပုတ်ပေးနေကာ..စိတ်အေးအေးထားပြီးဖြေရှင်းဖို့အချက်ပြနေသည်။
Fany တစ်ယောက်လည်း ရောက်လာပြီးမှတော့ ဇာတ်သိမ်းပိုင်းလှအောင်ကြိုးစားဖို့ဘဲစဉ်းစားကာ..ဟန်မပျက်အောင်နေရသည်

သဘာပတိ-အဲ့....အဲ့ဒါကတော့ကျွန်တော်....

Fany ရဲဆေးတင်ကာ ထရပ်လိုက်ပြီး
ကုမ္ပဏီရဲ့စည်းကမ်းချက်မှာ အစုရှယ်ယာစုစုပေါင်းရဲ့ 1% ကနေစပြီး ရှယ်ယာရှင်အစည်းအဝေးတွေကိုတက်ရောက်နိုင်သည်တဲ့....Miss Jo
ရှင်ဖတ်ဖူးလိမ့်မယ်နဲ့တူတယ်။ အခြားကန့်သတ်ချက်တွေများရှိလို့လား

သဘာပတိ-Miss Jo ထိုင်ပါခင်မျာ
ကျွန်တော်တို့တားခွင့်မရှိပါဘူး

Fany ထကာလူကိုရှိန်နေတဲ့ပုံမပြဘဲ ပြောချလိုက်တော့မှ J တစ်ယောက်....ဘာပြန်ပြောရမလဲမသိဖြစ်ကာ...ခွန်းတုံ့မပြန်နိုင်ဘဲ ပြန်လည်ထိုင်ချလိုက်သည်။

My LoveWhere stories live. Discover now