My Love- 33

2.3K 142 29
                                    

Tae-Miyoung na...ဘယ်သူလာတာလဲ...Eimoo လာတာလား....Jessica လား
Miyoung ရေ....ဖြေဦးလေ

Tae တစ်ယောက်ဘာသံမှ ပြန်ထူးသံမကြားရ၍ အခန်းအပြင်ကိုထွက်လာရာ

လျှောက်လာတဲ့လမ်းမှာ...ဖွင့်ကြည့်လိုက်မိတဲ့ဖုန်းကြောင့် မျက်လုံးပြူးသွားပြီး အရေအတွက် 100 ကျော်နေတဲ့ call log ကိုကြည့်ရင်း အိမ်ရှေ့ခန်းကိုအရောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တုန်တက်သွားပြီးဆွံ့အသွားမိသည်

......

Yoona-ကားဆရာ မြန်မြန်မောင်းပါ
Yuri ya...security တွေလွှတ်ပြီးပြီမှတ်လား

Yuri-Nae... Eimoo...ရဲစခန်းကတာဝန်ရှိသူတွေလည်းသွားနေပြီ
နေ့ခင်းကြီးကို သူအဲ့လောက်တောင်လက်ရဲဇတ်ရဲမသွားရဲလောက်ပါဘူး

Yoona-အဲ့လိုဘဲဆုတောင်းရတာပေါ့လေ

...

Yoona တို့တွေ တိုက်ခန်းပေါ်အပြေးတက်လာကာ Taeyeon တို့ကိုလာခေါ်ပေမဲ့ ရှုပ်ပွကာရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ဟန်တူတဲ့ သွေးစတွေရှိနေတဲ့ဧည့်ခန်းကိုကြည့်ပြီး....ဆွံအသွားမိကာ......အဆိုးဆုံးကိုတွေးရင်းကြောက်ရွံမှုနဲ့အတူခြေလက်တွေပါခွေညွတ်သွားတော့သည်

တွေ့လိုတွေ့ညား တစ်ခန်းဝင်တစ်ခန်းထွက်အသည်းအသန်ရှာဖွေကြည့်ပြီးနောက်.....မီးစတစ်ဖက်ရေမှုတ်တစ်ဖက်နဲ့ရင်ထဲမှာ အနည်းငယ်အသက်ရှုချောင်သွားကာ
လက်နှစ်ဖက်ကိုမျက်နှာပေါ်အပ်ရင်းနဲ့..........ကလေးတွေဘာမှမဖြစ်ပါ စေနဲ့ကြောင်းသာဆုတောင်းနေရသည်

Yuri-Eimoo အခု Miss Kim တို့ကိုမတွေ့တာသတင်းကောင်းလို့မှတ်ရမှာဘဲ
LDG ကပြန်ပေးငွေနဲ့များလဲချင်တာဆိုရင်သိပ်ကောင်းမှာဘဲ

Yoona-အဲ့လိုသာဆိုရင်... အကောင်းဆုံးပေါ့
တိုက်အောက်မှာ CCTV ရှိတယ်မို့လား...CCTV ပြန်ကြည့်ရအောင်

.....

ခွေကျကာသတိလစ်နေတဲ့ Miyoung ကဆိုဖာပေါ်မှာလဲကျလျက်နဲ့ ဘေးမှာကတော့ စာပွဲပေါ်ကကျူးလစ်ကိုစိမ်ပြေနပြေကိုင်ကြည့်ရင်း မျက်လုံးမှာအရောင်တွေထွက်နေတဲ့လူတစ်ယောက်

Taeyeon-Lee...LDG.....ဘယ်လို
ဟမ်!Miyoung ..Miyoung na...ဘာဖြစ်တာလဲ
သူ့ကိုဘာလုပ်လိုက်တာလဲ.LDG

My LoveWhere stories live. Discover now