12.

2K 146 23
                                    

Zawgyi...

SOTUS's Broken Love

အပိုင်း ( ၁၂ )

Third Person's POV

" သူ မိန်းကလေးတစ်ယောက်ရဲ့ ရင်သားတွေ ကိုင်နေတယ်...''
" သူက Kongpob မဟုတ်ဘူး Arthit...! "

" မင်းလဲသိနေတာပဲလေ သူက Kongpob မဟုတ်ဘူး...Kongက ဒါမျိုးလုပ်မှာမဟုတ်ဘူး...''

Arthitခေါင်းထဲမှာ အဲ့ဒီအတွေးတွေနဲ့ ပြည့်နေတယ်...။ ကြာတော့ သူခေါင်းတွေကိုက်လာတယ်...။

Arthitက မူးလာရင်အမှားတွေအရမ်းလုပ်တတ်တဲ့သူတစ်ယောက်...အခုလဲ သူအရမ်းမူးနေပြီ...သူ့ကိုယ်သူမထိန်းနိုင်တော့ဘူး....။

Arthit အရက်ထိုင်သောက်နေရင်းက သူ့ဘေးကိုကြည့်လိုက်တော့ သူအရမ်းတွေ့ချင်နေတဲ့ Kongpobကို တွေ့တယ်...။

Arthitမျက်လုံးတွေကို မှိတ်လိုက်ပြီး အရင်က Kongနဲ့သူရဲ့ လှပတဲ့အချိန်လေးတွေကို မြင်ယောင်နေတယ်...။ ပြီးတော့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ပြုံးလိုက်တယ်...။

ပြီးတော့ လေးလံတဲ့အသံတွေနဲ့...
Arthit - '' Oiiiiii....Kong မင်းဘယ်တွေသွားနေခဲ့တာလဲ...? ငါ့မှာတော့ မင်းကိုလွမ်းလိုက်ရတာ...''

Kongpobကတော့ ဘာမှပြန်မဖြေဘဲ သူ့ကိုဒီတိုင်းပဲစိုက်ကြည့်နေတယ်...။
Arthit - '' အေ့...ဒီလောက်အကြာကြီးနေပြီးမှ ပြန်တွေ့တာ မင်းငါ့ကို ဖက်ပြီးအနမ်းမပေးချင်ဘူးလား...? အေ့....မင်း ငါ့ကိုမလိုချင်ဘူးလား...? "

Arthitရဲ့စကားဆုံးမှာ Kongpobက မဆိုင်းမတွဘဲ Arthitမျက်နှာကို ကိုင်ပြီးအငမ်းမရနမ်းလိုက်တယ်...။

Kongpobက အငမ်းမရအတင်းအကျပ်နမ်းနေတာကြောင့် Arthitမောလာတယ်...အသက်ရှူဖို့လိုလာတယ်...။
Arthit - '' ငါ့ကို အသက်ရှူခွင့်ပေးပါဦး...''
ပြောရင်းနဲ့ Kongpobနားကနေ နည်းနည်းခွာလိုက်တယ်...။

Kongpobက သူ့ကိုအသက်ရှူခွင့်ပဲပေးခဲ့တာပါ...။ သူ့ကိုတော့ မလွှတ်သေးဘူး ။

ပြီးတော့ Kongpobက ရုတ်တရပ်သူ့ပေါင်ပေါ်မှာထိုင်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို ပြန်ပြီးနမ်းစုပ်လာတယ်...။

Arthit - '' ငါ မင်းကိုလွမ်းနေတာ...''
Arthitကတော့ အဲ့ဒီအနမ်းတွေထဲမှာ နစ်မျောနေပြီ..။

SOTUS's Broken LoveWhere stories live. Discover now