45.

6.2K 268 65
                                    

SOTUS's Broken Love

အပိုင်း ( ၄၅ )

Arthit's POV

ဒီနေ့က Kongpobရဲ့ မျက်နှာပတ်တီးဖြည်ရမယ့်နေ့လေ...အဲ့ဒါကြောင့် သူမတောင်းဆိုလဲ ကျွန်တော် Phra-Junလေးကိုပါ ဆေးရုံကိုတစ်ခါတည်းခေါ်ခဲ့တယ်...။ သူ့ရဲ့နဂိုမျက်နှာကို ပြန်ရပြီးယုံကြည်ချက်ရှိရှိနဲ့ ပြန်ပြီးနေနိုင်တော့မယ်...။ ဆရာဝန်ကလာဖြည်ပေးမယ်ဆိုတာကြောင့် ကျွန်တော်နဲ့ Kongpobရင်ခုန်စွာနဲ့ စောင့်နေမိတယ်...။ သားလေးကလဲ သူ့Daddy မျက်နှာပေါ်က ပတ်တီးဖြည်ရတော့မယ်ဆိုလို့ ပျော်နေလေရဲ့...။

အချိန်ကျပြီ...ကျွန်တော်တို့စောင့်မျှော်နေခဲ့တဲ့အချိန်လေးရောက်လာခဲ့ပြီ...။ ဆရာဝန်ရောက်လာပြီး သူ့ရဲ့ပတ်တီးတွေကို လာဖြည်ပေးတယ်...။ ဆရာဝန်က Kongpob မျက်နှာပေါ်က ပတ်တီးတွေကို ဖြည်းဖြည်းချင်းတစ်လွှာချင်းစီခွာချနေတယ်...။ ကျွန်တော့်ရင်တွေ ထိန်းမရသိမ်းမရနဲ့ အဆမတန်ခုန်နေပြီ...။ ကျွန်တော်တောင် ဒီလောက်ဖြစ်နေရင် Kongpob ဘယ်လိုခံစားနေရမယ်ဆိုတာကို တွေးကြည့်စရာတောင်မလိုတော့ပါဘူး...။ သူ့ရဲ့ပတ်တီးတွေအားလုံးခွာချပြီးလို့ သူ့ရဲ့မျက်နှာကို မြင်လိုက်တဲ့အချိန်မှာတော့ ကျွန်တော်အံ့အားသင့်ပြီး ပါးစပ်အဟောင်းသားနဲ့ ငြိမ်နေမိတယ်...။

ပြီးတာနဲ့ သူနာပြုတစ်ယောက်က Kongpobကို မှန်တစ်ချပ်ယူလာပြီးပေးလိုက်တယ်...။ သူလဲယူလိုက်ပြီးသူ့ကိုယ်သူမှန်ထဲကြည့်လိုက်တယ်...။ မှန်ထဲကိုမကြည့်ခင် သူမျက်စိကိုမှိတ်ထားပြီးမှ ဖြည်းဖြည်းချင်းစီဖွင့်ကြည့်လိုက်တယ်...။ မှန်ထဲကသူ့မျက်နှာကို တွေ့လိုက်တဲ့အခါမှာတော့ သူလဲကျွန်တော့်လိုပဲ အံ့သားသင့်နေတယ်...။ ပြီးတော့ သူ့မျက်လုံးတွေရဲ့တည်နေရာကို ကျွန်တော့်ဆီလွှဲလာတယ်...။ ကျွန်တော်လဲ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်...။ ကျွန်တော်ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမိပါတယ်...။

ဆရာဝန်က သူ့ပခုံးကိုကိုင်ပြီး...

Doctor - '' Congratulations...Mr.Kongpob...''

ပြီးတာနဲ့ကျွန်တော်လဲ သူ့နားကိုသွားပြီး Phra-Junလေးကို ပေးလိုက်တယ်...။ ပြီးတော့ ပြုံးပျော်စွာနဲ့ဖက်နေကြတဲ့သူတို့သားအဖကို ကျွန်တော်လည်းဖက်လိုက်တယ်...။ ခနကြာတော့ Kongpobက ကျွန်တော့်နှဖူးကိုလာနမ်းပြီး Junnie လေးကိုလဲ အမြတ်တနိုးနဲ့နမ်းလိုက်တယ်...။

You've reached the end of published parts.

⏰ Last updated: Apr 23, 2018 ⏰

Add this story to your Library to get notified about new parts!

SOTUS's Broken LoveWhere stories live. Discover now