15.

1.9K 143 27
                                    

Zawgyi...

SOTUS's Broken Love

အပိုင်း ( ၁၅ )

Arthit's POV

ကျွန်တော် အဲ့ဒီဆွဲကြိုးလေးကို လှမ်းကိုင်လိုက်တယ်....ဒါပေမယ့်အဲ့ဒီအချိန်မှာပဲ ကျွန်တော့်မြင်ကွင်းတွေအားလုံး မှောင်ကျသွားခဲ့တယ်....

###

လူတစ်ယောက် ကျွန်တော့်လက်ကိုကိုင်ထားတယ်...

တင်းတင်းကျပ်ကျပ်ကို ဆုပ်ကိုင်ထားတာ...

အဲ့ဒီလို ကိုင်ထားတာက ကျွန်တော့်နှလုံးသားထဲ အရမ်းနွေးထွေးစေတယ်...။ အဲ့ဒီလို နွေးထွေးမှုကလဲ ကျွန်တော်နဲ့ရင်းနှီးသလို ခံစားရတယ်...Kongနဲ့တုန်းကလိုပေါ့...။

ဒီလိုနွေးထွေးမှုလေးကို Kongနဲ့အတူရှိနေတဲ့အချိန်မှာ ခံစားဖူးတယ်...။

အဲ့ဒီလက်က ကျွန်တော့်လက်ကို တင်းကျပ်စွာနဲ့ဆုပ်ကိုင်ထားရင်းက ကျွန်တော့်လက်ကောက်ဝတ်က အမာရွတ်လေးကို အသာအယာပွတ်သပ်နေတယ်...။ အမာရွတ်...ကျွန်တော် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားခဲ့တုန်းက ရခဲ့တဲ့အမာရွတ်ပေါ့...

အဲ့ဒီလိုလုပ်နေတာကိုလဲ ကျွန်တော့်စိတ်ထဲအရမ်းကို ရင်းနှီးသလို ခံစားနေရတယ်...။ ကျွန်တော် ဒီလိုခံစားချက်ကို ခံစားဖူးနေသလိုပဲ...ဒါပေမယ့် ဘယ်တုန်းကလဲဆိုတာမမှတ်မိဘူး...။ သေချာတာတော့ ဒီလိုခံစားမှုမျိုးကို Kongနဲ့ပတ်သတ်ပြီးပဲ ခံစားခဲ့ဖူးတယ်...။

ခနကြာတော့ အဲ့ဒီလက်က ကျွန်တော့်လက်က အမာရွတ်ကိုပွတ်သပ်နေတာကို ရပ်လိုက်တယ်...ကျွန်တော့်လက်ကိုလဲ မကိုင်ထားတော့ဘူး...။

ပြီးတော့ ကျွန်တော့်နှဖူးမှာ တစ်စုံတစ်ခုက ထိလိုက်သလိုနွေးခနဲ ဖြစ်သွားတယ်...

ပြီးတော့...ကျွန်တော့်ရဲ့ နှုတ်ခမ်း....

ကျွန်တော့်ကို ဒီလိုတွေလုပ်နေတဲ့လူ ဘယ်သူလဲဆိုတာ အရမ်းသိချင်တယ်...။ ဒါပေမယ့် ကျွန်တော့်မှာ မျက်စိဖွင့်ဖို့တောင် အားမရှိဘူး...

ဒါပေမယ့် အဲ့ဒီအပြုအမူတွေနဲ့ပတ်သတ်ပြီး ကျွန်တော်စိတ်မဆိုးတာကြောင့် ခွင့်ပြုထားလိုက်တယ်...။

SOTUS's Broken LoveWhere stories live. Discover now