30.

2.1K 177 11
                                    

SOTUS's Broken Love

အပိုင်း ( ၃၀ )

Third Person's POV

Arthitတစ်ယောက် အလောတကြီးနဲ့ ဆေးရုံထဲကို ပြေးဝင်လာခဲ့တယ်...ပြီးတော့ ဆေးရုံကောင်တာကိုသွားပြီး သူတွေ့ချင်နေတဲ့သူရဲ့ အခန်းနံပါတ်ကို ချက်ချင်းပဲ သွားမေးခဲ့တယ်...

Girl - '' Sir...ဘာအကူအညီလိုလို့လဲရှင့်...? "

Arthit - '' ကျွန်တော် Kongpob Suthiluk ဆိုတဲ့နမည်နဲ့လူနာရဲ့ အခန်းကိုသိချင်လို့ပါ...''

Girl - '' Oh...အဲ့တစ်ယောက်က အခန်းပြောင်းချင်တယ်လို့ ပြောထားတဲ့လူနာပဲ...''

Arthit - '' Errrr....တဆိတ်လောက်ခင်ဗျ...ခင်ဗျားဘာပြောလိုက်တာလဲမသိဘူး...''

Girl - '' Errr...ဘာမှမဟုတ်ပါဘူး...။ အဲ့လူနာက ဆေးရုံမှာ နောက်၃ပါတ်လောက်ထိနေရဦးမှာလေ...။ အဲ့ဒါအခန်းပြောင်းချင်တယ်တဲ့ ။ သူပြောင်းချင်တဲ့အခန်းမှာလဲ လူနာရှိနေတာကို အတင်းအကျပ်ပဲ ရန်တွေလုပ်ပြီး ပြောင်းခိုင်းနေတာ...''

Arthit - '' Awwww....အဲ့ဒါဆို သူပြောင်းလိုက်တဲ့ အခန်းနံပါတ်ကို ပြောပြနိုင်မလား...? "

Girl - '' ဟုတ်ကဲ့...ခနလေးစောင့်ပေးပါနော်...''

ပြောပြီးကောင်တာက မိန်းကလေးက လူနာစာရင်းကို ရှာကြည့်နေတယ်...။

Girl - '' Errr...သူပြောင်းလိုက်တဲ့ အခန်းနံပါတ်က 0206 ပါ Sir...'' ( 0206တဲ့...အမလေး Kongpobရဲ့ သနားလိုက်တာ...😭😭 )

Arthitတစ်ယောက် အခန်းနံပါတ်ကိုကြားလိုက်တဲ့အချိန်မှာ မယုံနိုင်ဘူးဖြစ်သွားတယ်...။

Arthit - '' Errr...Miss ကျွန်တော့်ကို အခန်းနံပါတ်လေး ထပ်ပြီးပြောပြနိုင်မလား...? "

Girl - '' 0206 ပါ Sir...''

Arthit - '' Errrr...ဟုတ်ကဲ့...ကျေးဇူးပါ ''

ကောင်မလေးကတော့ Arthitကိုဖြေပြီး သူ့ကိစ္စသူဆက်ပြီးလုပ်နေတယ်...။

Arthitက ဒါသူကျောင်းသား code no. လေဆိုပြီး ဝမ်းနည်းဝမ်းသာတွေဖြစ်နေတယ်...။ ပြီးတော့ အဲ့ဒီအခန်းကို တန်းလာခဲ့တယ်...။ သူအခုချိန်မှာ Kongpobကို တတ်နိုင်သလောက်မြန်မြန်တွေ့ဖို့လိုတယ်လေ...။

###

အခု Arthitတစ်ယောက် '' Kongpob Suthiluk... 0206 '' ဆိုပြီး နမည်တပ်ထားတဲ့ အခန်းနံပါတ် 0206 ရဲ့အရှေ့မှာ ရောက်နေပြီ...။ သူ့စိတ်တွေလှုပ်ရှားလွန်းလို့ သူချက်ချင်းမဝင်သွားဘဲ အခန်းရှေ့မှာရပ်နေတယ်...။

SOTUS's Broken LoveWhere stories live. Discover now