သောက်​ကျိုးနဲ ရန်​ဖြစ်​ရခြင်း 😎

3.3K 434 25
                                    

" Park Chanyeol တီးမှာဖြင့်​​သေချာတီး
သရဲမနှင်​ဖို့ လင်​​ဗန်း​ခေါက်​သလို လုပ်​မ​နေနဲ့ .. "

ပညာရှင်​အဆင့်​​တောင်​ ရှိ​နေသည့်
Park Chanyeol လိုတစ်​ဖက်​ကမ်းခတ်
Drummer တစ်​ယောက်​​ကို .. သရဲမနှင်​ဖို့
လင်​​ဗန်း​ခေါက်​သလို ဆို​တော့ .. Kim Jongdae ကဘဲ .. နားပိတ်​​နေသလား .. Chanyeol
ကဘဲ .. လက်​ရည်​ကျ​နေလို့လား .. မသဲကွဲ ..

" မင်းသာ .. ကီး​ကြောင်​​နေတဲ့ အသံဆိုး
ကြီးနဲ့ .. သီချင်း​အော်​ဆိုမ​နေနဲ့ "

Kim Jongdae မည်​သည့်​ သူ့အသံနှင့်
ပတ်​သတ်​လျှင်​ မဟားတရားကို .. စန်းစန်းတင့်
သည်​မို့ .. Chanyeol ၏ ပြန်​ပတ်​သည့်
စကားကို ကြားပြီး​နောက်​ .. ဖုန်​တက်​​နေသည့်
စတူဒီယို ထဲ​တောင်​ မ​ရှောင်​ .. အကြည်​စိုက်
နေကြသည့်​ အချစ်​ငှက်​နှစ်​​ကောင်​​ရှေ့ ..
ရှောင်​လင်​သိုင်း​ပေါင်းစုံဖြင့်​ .. ထသတ်​ကြ​လေ
သည်​ ။

" မျက်​စိကို​နောက်​တယ်​ .. ဒီမှာ
ငါတို့နှစ်​​ယောက်​ကြည်​နူး​နေတာ မမြင်​ဘူးလား
ဝေး​ဝေးသွားကိုက်​ကြစမ်း "

ခြေကားယားလက်​ကားယားဖြင့်​ .. ဟုတ်​တိပတ်​တိ
ရန်​ဖြစ်​​နေကြသည်​လည်း မဟုတ်​ဘဲနှင့်​ ..
မျက်​စိ​နောက်​​အောင်​ .. ပတ်​​ပြေး​နေကြသည့်
Chanyeol နှင့်​ Jongdae အား ..
Sehun ဘယ်​လိုမှ ကြည့်​မရ​တော့စွာ ..
ထ​အော်လိုက်သ​​ည်​ ။

" ဖြစ်​ရတယ်​ .. မင်းတို့သာ ..
အလုပ်​မလုပ်​ဘဲ .. အရှက်​မရှိ .. ကြည်​နူး
နေကြတာမဟုတ်​ဘူးလား "

အနားစ​တွေ ပြဲလန်​​နေသည့်​ ညို​မှိုင်းမှိုင်း ဆိုဖာ​တွင်
ထိုင်​​နေ​သော Sehun ​ပေါင်​​ပေါ်၌ .. Jongin
လှဲအိပ်​ကာ .. တစ်​​ယောက်​က မုန့်​ခွံ့​ကျွေးလိုက်
တစ်​​ယောက်​က ငုံ့နမ်းလိုက်​နှင့်​ .. အလုပ်​ရှုပ်
နေကြသည့်​ သ​ကောင့်​သားနှစ်​​ယောက်​ကို
Chanyeol အာရုံ​ပြောင်းသွားပြီး .. ကြမ်းပြင်
ပေါ် လွှင့်​ပစ်​ထား​​သော အသုံးမလို​တော့သည့်
စာရွက်​အလုံးများဖြင့်​ .. ပစ်​​ပေါက်​​တော့သည်​ ။

" ငါ့ Jongin ​လေးဒဏ်​ရာရရင်​ ..
မင်းကိုငါ သတ်​မှာ​နော်​ Park Chanyeol !! "

သောက်​ကျိုးနဲ အချစ်​ 😎Where stories live. Discover now