သောက်​ကျိုးနဲ ​မနက်​ခင်း 😷

2.4K 341 58
                                    

မ​နေ့ညက ဒိတ်​အလုပ်​​ကောင်းပြီး ​ဝေလီ​ဝေလင်း
မနက်​ ငါးနာရီ​လောက်​မှ တိုက်​ခန်းသို့ ပြန်​​ရောက်
သည်​မို့ နှစ်​​ယောက်​သား ​မော​မောပန်းပန်းနှင့်
အိပ်​​ပျော်​သွားသည်​မှာေ​နာက်တစ်ေ​​န့
နေ့လည်​​တောင်​​ ​ရောက်​​ချေ​တော့မည်​ ။

" Jongin ဗိုက်​မဆာ​သေးဘူးလား "

အိပ်​​ရေးမ​ဝ​သေး​သော်​လည်း ​​တစ်​ဂွီဂွီမြည်​​နေ​သည့်
ဗိုက်​က ဆာ​လောင်​​နေပြီဖြစ်​​ကြောင်း အချက်​ပြ​နေ
သဖြင့်​ တစ်​​ယောက်​တည်းလည်း မထချင်​သည်​မို့
မနိုး​သေး​သော Jongin ကို လှုပ်​နှိုးကာ အ​ဖော်​စပ်
သည်​ ။

" Jongin . ထကွာ .. ငါ​ဗိုက်​ဆာပြီ "

" အိပ်​ချင်​​သေးတယ်​ လာမနှိုးနဲ့ "

" မရဘူး ထ "

ကိုယ်​တိုင်​လည်း အိပ်​ရာမှ ထကာ Jongin ကိုလည်း
အတင်းဆွဲထူပြီး ​ရေချိုးခန်းထဲ နှစ်​​ယောက်​အတူ
ဝင်​လိုက်​သည်​ ။

ဒါ​တောင်​ အကို​တော်​က Sehun ပခုံးကို
မှီပြီး မျက်​လုံးကြီးပိတ်​ထား​သေးသည်​ ။

" Kim Jongin .. ငါ့ကို မှီပြီး အိပ်​မ​နေနဲ့​တော့
မင်း​ယောကျာ်း ​မြို စို့ ချင်​ပြီဟ "

ဗိုက်​ဆာတာကတစ်​​ကြောင်း အိပ်​ချင်​​သေးတာက
တစ်​​ကြောင်း နှစ်​မျိုး ​ပေါင်းပြီး အခုထက်​ထိ
သေ​နေ​သေး​သော Jongin ကို တွန်းထုတ်​ပြီး
စိတ်​တိုတိုနှင့်​ ​Sehun ​အော်​လိုက်​သည်​ ။

" အင်း .. "

အော်​ .. တရားကျချင်​စရာ​ကောင်းတဲ့
Kim Jongin ​လေး .

Sehun ​ကို ဂရု​တောင်​မစိုက်​ဘဲ အင်း တစ်​လုံး
တည်းနှင့်​ နံရံကြီးမှီပြီး ​မှေး​နေ​သေးသည်​ ။

ဘယ်​လိုမှ သည်းမခံနိုင်​​တော့​သော Sehun မှာ
Jongin ကို သတိကပ်​​စေရန်​ အကြံထုတ်​ရ​တော့
ူသည်​ ။

" ဟင်းဟင်း .. Ooh Sehun တဲ့ဘာမှတ်​​နေလဲ "

အလွန်​တရာမှ ​ဂုဏ်​ယူဝမ်း​​မြှောက်​​သောအသံနှင့်
Jongin ​ခေါင်းတည့်​တည့်​က ​ရေပန်းခလုတ်​ကို
လူယုတ်​မာအပြုံးဖြင့်​ ဖွင့်​ချလိုက်​သည်​ ။

သောက်​ကျိုးနဲ အချစ်​ 😎Où les histoires vivent. Découvrez maintenant