သောက်​ကျိုးနဲ မျက်​နှာပူရခြင်း 😁

2.5K 371 90
                                    

ကတုန်​ကရင်​နှင့်​ အခန်းက ကုတင်​​ပေါ် ငုတ်​တုတ်
ကြီးထိုင်​ရင်း ​စော​စောက Chanyeol ​ပြော​သော
စကားများအား ပြန်​ကြား​ယောင်​​လေသည်​ ။

" Park Chanyeol က ငါ့ကို
သောက်​ခွမ်း .. "

ခေါင်းတစ်​ခါခါနှင့်​ ဘယ်​လိုမှမဖြစ်​နိုင်​ဘူးဟု
တွေး​နေချိန်​ အခန်းတံခါး ပွင့်​လာသည်​မို့
ထိုင်​​နေရာမှ ဝုန်းခနဲပစ်​လှဲပြီး အိပ်​ချင်​​ယောင်
ဆောင်​လိုက်​သည်​ ။

" ​အေး .. ငါကမ​တွေ့လိုက်​ဘူး​ဆို​တော့ .. "

တွေ့ရင်​လည်း မသိချင်​​ယောင်​​ဆောင်​​နေတာမဟုတ်​ဘဲ
အားအားယားယား ​​ဖော်​​နေ​သေးသည်​ ။

" ဖယ်​ စမ်း Park Chanyeol .. "

အရင်​ကတည်းက နှစ်​​ယောက်​အိပ်​ကုတင်​တွင်
အတူအိပ်​​နေကြမို့ အခုလည်း ​​Chanyeol ကို
ကျော​ပေးအိပ်​​နေ​သော မဟုတ်​ဘူး အိပ်​ချင်​​ယောင်
ဆောင်​​နေ​သော Jongdae ​ဘေးနား သူပါ
ဝင်​လှဲ​ပြီး အကျင့်​အတိုင်း Chanyeol လက်​များက
Jongdae ခါး​ပေါ် ​ရောက်​လာသည်​ ။

" ဘာလဲအရင်​ကလည်း ဒီလို​အိပ်​​နေကြကို "

" အရင်​က အရင်​ အခုကအခု "

" ဘာဖြစ်​တုန်း .. ငါကရည်းစား​စကား​ပြောတာနဲဘဲ
မင်းနဲ့ ခွာရမယ်​​ပေါ့ .. No ပါ​ကွယ်​ "

ပြော​လေ ဆိုး​လေ လုပ်​​နေသည့်​ Chanyeol မှာ
Jongdae ခါးကို ပိုပြီး တင်းတင်းကျပ်​ကျပ်​ဖက်​ကာ
လည်​ပင်းနားထိ နှာ​ခေါင်းတိုးဝင်​ အသားယူ​နေ​သေး
သည်​ ။

ဘယ်​လိုဘဲ​ပြော​ပြော Chanyeol က Jongdae
ထက်​လူ​ကောင်းကြီးသဖြင့်​ အားမမျှဖြစ်​ကာ
နည်းနည်း​တောင်​ရုန်းမရ ။

" ငါမ​နေတက်​ဘူး .. ဖယ်​ Chanyeol "

" ဟင်​အင်း .. "

" ဖလက်​ ဘဲ "

ပြေမရဆိုမရသည့်​အဆုံး Jongdae လည်းပါးစပ်
ညောင်းခံထပ်​မ​ပြော​တော့ဘဲ ​ကျောပြင်​နှင့်​ထိကပ်
နေသည့်​ ရင်ခုန်​သံတိုးတိုးကို လိုက်​နား​ထောင်​ရင်း
ခဏကြာ​တော့ အိပ်​​ပျော်​လုဆဲဆဲဖြစ်လာ​သည်​ ။

သောက်​ကျိုးနဲ အချစ်​ 😎Where stories live. Discover now