သောက်​ကျိုးနဲ Fanmeeting ????

1.4K 239 11
                                    

" Jongdae ဆံပင်​အ​ရောင်​ဆိုးမလား
ဒီ Comeback ကို "

ပြန်​မ​ဖြေဘဲ လက်​​ချောင်းတစ်​လှုပ်​လှုပ်​နှင့်​ အ​တွေး​ထောက်
နေပုံအရ Jongdae တစ်​​ယောက်​ နှစ်​​ပေါက်​လုဖြစ်​သည့်
မူလဆံပင်​အနက်​​ရောင်​ကို အ​ရောင်​တင်ရန်​ စိတ်​ကူး
ရှိဟန်​ရသည်​ ။

" ​ယုံကြည်​ချက်​မရှိဘူး ကျ​တော်​ "

ဘေးချင်းယှဉ်​အတူတူ မိတ်​ကပ်​ပြင်​​နေသည်​မို့
Jongdae နှင့်​ Make up artist မမတို့
တိုင်​ပင်​​နေသည့်​အသံကို ရှင်းရှင်းလင်းလင်းကြီး
Chanyeol ကြား​နေရသည်​ ။

Debut ပြီး နှစ်​နှစ်​ပြည့်​ တရားဝင်​ Fandom
name သတ်​မှတ်​ထား​သော Dreamer ( တစ်​နည်း
လေး​ယောက်​လုံးချစ်​စနိုး​ပေးထားသည့်​ nickname Eri ) ​တွေအတွက်​ ယ​နေ့ Fanmeeting ပွဲမစခင်
နား​နေခန်း၌ ပြင်​ဆင်​​နေကြစဉ်​ Chanyeol
Jongdae နား လုံးဝမကပ်​ ။

ပိုဆိုးသည်​က သာမာန်​ ပရိသတ်​​တွေ့ဆုံပွဲတွင်
Kim Jongdae အား ပိုပိုသာသာပြင်​​ပေး​နေသည့်
Stylist မမနှင့်​ Makeup artist မမတို့ကို
မ​ကျေမနပ်​နှင့်​ သွားဝုန်းဒိုင်းကြဲချင်​ပါ​သော်​လည်း
မ​နေ့က​လေးတင်​ ပြသာနာတက်​ထား​သော Jongdae
နှင့်​စကားရှည်​ရှည်​​ဝေး​ဝေးမ​ပြောချင်​၍ ကိုယ့်​စိတ်​ကိုယ်
ထိန်း​နေရသည်​ ။

" Chanyeol ဘာဖြစ်​ထားလို့လဲ "

သူပြီးတဲ့အထိ ဆံပင်​အ​ရောင်​ဆိုးဖို့မဆိုးဖို့ ​ဆွေး​နွေး
နေကြသည့်​ Jongdae အား မသိမသာ​​​ခေါင်း​စောင်း
ကြည့်​​နေသဖြင့်​ အရိပ်​အကဲအဖမ်းမြန်​​သော Sehun က
ဘာဖြစ်​​ထားလို့လဲဟု ​တိုးတိုး​လေးလှမ်း​မေးသည်​ ။

" မဖြစ်​ပါဘူး "

တမင်​ကြား​အောင်​ Chanyeol အသံမြှင့်​​ဖြေလိုက်
တော့ အကြည့်​တစ်​ချက်​​ရောက်​လာ​သော Jongdae
မျက်​ဝန်းများသည်​ ပြုံး​ယောင်​သန်း​​နေသလို ။

အား !!!! SHIT !!!

စောက်​ကျိုးနဲ ​အောင့်​သက်​သက်​ခံစားချက်​ကြီး 😒

" ရက်​အကြာကြီးမထားပါဘူး Chanyeol ရာ ..
ဒီ Comeback တစ်​ခုခုထူးခြားသွား​အောင်
လုပ်​ချင်​လို့ပါ . ​နော်​ .. Chanyeol က ငါ့ကို
ချစ်​တယ်​မဟုတ်​လား "

သောက်​ကျိုးနဲ အချစ်​ 😎Where stories live. Discover now