( ၅ )

1.7K 151 13
                                    


ခရေပင်ဇောက်ထိုး ဘာကြောင့်နာမည်ကြီးခဲ့သလဲ


ခရေပင်ဇောက်ထိုးဟု လူသိများခဲ့သော ထူးဆန်းသည့် ခရေပင်ကြီးတစ်ပင်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံမြို့တွင် အမှန်တကယ်ရှိခဲ့ဖူးသည်။ နှစ်ပေါင်း ၁၅၀ခန့် ရှင်သန်ခဲ့သည်။ ယခုအခါ ဓာတ်ပုံသာ ကျန်ရှိတော့သည်။ ဖျာပုံမြို့၏မြောက်ပိုင်း ရှေးမြန်မာမင်းလက်ထက် ပဲနင်းကြီး ဦးရွှေပေါ် လှူ ဒါန်းခဲ့သော မဟာပုညရာမကျောင်းတိုက် ပိတောက်ချောင်တွင် ပေါက်နေခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါးက ခရေပင်တစ်ရာ စိုက်ပျိုးခဲ့ပြီး ခရေပင်ဇောက်ထိုးဖြစ်လာမည့် အပင်ကိုသာ ချန်ထားခဲ့သည်။ ကျန် ၉၉ပင်ကို ဖယ်ရှားခဲ့သည်။ ကျန်ရှိသော ခရေပင်သည် သာမန်သစ်ပင်များကဲ့သို့ အထက်သို့ထောင်လျက် မတက်ခဲ့ပေ။ အကိုင်းအခက်အလက်အရွက်များသည် မြေပြင်ရှိရာဘက်သို့သာ ညွတ်ကိုင်းစိုက်ဆင်းပေါက်ရောက်သည်။ အဆိုပါ ခရေပင်ဇောက်ထိုး၏ ခရေအပွင့်များသည် ကြီးမားသည်။ ခရေသီးများလည်း အလွန်ကြီးမားသည်။ အရွက်ဖားလျားများ အုပ်ဆိုင်းပေါက်ရောက်နေပုံကို ဓာတ်ပုံရိုက်လျှင် ခရေပင်ကြီးတစ်ပင်နှင့်မတူ၊ တောင်ပို့ကြီးတစ်ခုဟုပင် ထင်ရသည်။ ခရေပင်အမြင့်မှာ ၁၀တောင်ခန့်ရှိသည်။ အရွက်များသည် မြေပြင်နှင့် ထိလုမတတ် ကျနေသည်။ အကိုင်းများ အခက်များကို အောက်မှ ဒေါက်ထောက်ပေးခဲ့ရသည်။


လူသိနည်း မြန်မာဖြစ်ရပ်များWhere stories live. Discover now