( ၁၅ )

1K 70 0
                                    


ပုဂံအာနန္ဒာထဲက မတ်ရပ်တော်ကြီးအားလုံးဟာ ပုဂံခေတ်လက်ရာတွေဟုတ်ရဲ့လား


ပုဂံအာနန္ဒာဂူဘုရားကြီးအတွင်း မတ်ရပ်ကိုယ်တော်ကြီးများအားလုံးသည် ပုဂံခေတ်မူလလက်ရာများ မဟုတ်တော့ချေ။ မျက်မှောက်ကာလ တောင်ဘက်မျက်နှာနှင့် မြောက်ဘက်မျက်နှာတို့တွင်သာ ပုဂံခေတ် မူလသစ်သားဆင်းတုတော်ကြီးများ ရှိတော့သည်။ အိန္ဒိယဂုပ္ပတားခေတ်လက်ရာဟန်များဖြစ်သည်။ အရှေ့ဘက်ရှိ ပုဂံခေတ် မူလသစ်သားမတ်ရပ်တော်ကြီးမှာ မီးခပျက်စီးသွားခဲ့ရသည်။ ၁၈၆၆ခုနှစ်၊ မင်းတုန်းမင်းလက်ထက်တွင် ပုဂံမြို့ဝန်ဦးဘိုးက မူလနေရာတွင် ဆင်းတုတော်အသစ်ပြုလုပ်ထားရှိခဲ့သည်။ ၁၉၀၆ခုနှစ်တွင် ညောင်ဦးအရှေ့ရွာနေ ဦးဝက ထပ်မံပြု ပြင်ခဲ့သည်။ အနောက်ဘက်တွင် မူလက ပဉ္စလောဟာ ကြေးမတ်ရပ်ကိုယ်တော်ကြီး ရှိခဲ့သည်။ အင်းဝနှင့် ဟံသာဝတီတို့ စစ်မက်ဖြစ်ပွားရာတွင် ပျက်စီးသွားခဲ့ရသည်။ လက်ရှိသစ်သားဆင်းတုတော်ကြီးမှာ ၁၈၉၁ခုနှစ်တွင် အစားထိုးတည်ထားခြင်းဖြစ်သည်။ ပုဂံမြို့နေကုန်သည်ကြီး ဦးခဲညိမ်း၏ကောင်းမူဖြစ်သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။



လူသိနည်း မြန်မာဖြစ်ရပ်များWhere stories live. Discover now