( ၉ )

1.2K 105 0
                                    

ရေဆင်ဆိုတာတကယ်ရှိလား

ရေဆင်ရှိမရှိ အငြင်းပွားဆဲပင်။ သို့ရာတွင် ဆင်သမားတိုင်းက ရေဆင်အမှန်တကယ်ရှိသည်ဟု ယုံကြည်ထားသည်။ ရေဆင်သည် ငါးကဲ့သို့ ရေထဲတွင် နေထိုင်နိုင်သည်။ ကုန်းပေါ်တွင်လည်း နာရီအနည်းငယ် အသက်ရှူ နိုင်သည်ဟု ဆိုကြသည်။ ယနေ့အထိ ရေဆင်အသေကောင်ခြောက်ကလေးများကို မြင်နေရသေးသည်။ ၁၉၇၀ပြည့်နှစ် သြဂုတ်လ ၁၃ရက် လုပ်သားပြည်သူနေ့စဉ်သတင်းစာအဆိုအရ သံတွဲမြို့နေ တိရစ္ဆာန်ဆေးကု အင်စပက်တော် ဦးဘမြိုင်ကိုယ်တိုင် ရေဆင်အမတစ်ကောင်၊ အထီးတစ်ကောင်(အသေ)ကို တံငါသည်များမှတစ်ဆင့် ရရှိဖူးသည်။

ရေဆင်အမကို ၁၉၃၀ပြည့်နှစ်တွင် ရရှိသည်။ စစ်တွေခရိုင် ပေါက်တောမြို့နယ် သရွန်ဂါကျွန်းစုအပါအဝင် ဆံတော်ရှင်ကျွန်းတောင်ဘက်ကမ်းမှ ရရှိသည်။ ရေဆင်အထီးကို ၁၉၃၅ခုနှစ်တွင် ရရှိသည်။ သံတွဲခရိုင် တောင်ကုတ်မြို့နယ် မဒင်ကျွန်း ငဆောက်ကျေးရွာအနောက်ဘက်မှ ရရှိသည်။ ရဲဘော်သုံးကျိပ် ဗိုလ်တာရာကိုယ်တိုင်လည်း ပျဉ်းမနား တောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဘက်တစ်နေရာ သစ်တောအတွင်း ကျောက်တောင်ရေအိုင်တစ်ခုမှ ရေဆင်အရှင်တစ်ကောင် ဖမ်းမိခဲ့သည်ဟု ရေးခဲ့သည်။ ရေဆင်ကို ဆင်ကြီးများက အမှန်တကယ်ပင် ကြောက်ရကြောင်း အတည်ပြုခဲ့သည်။ ၁၉၇၄ခုနှစ်ထုတ် ဦးတုတ်ကလေး၏ Burmese Timber Elephant စာအုပ်ရေးသားချက်အရ ရေဆင်သည် ဆင်ကြီးတစ်ကောင်ပုံသဏ္ဍာန်နှင့်တူသည်။ နှာမောင်းနှင့် အစွယ်များပါရှိသည်။ ခြေထောက်သည် ခဲတံလုံးလောက်ရှိသည်။ ခြေသည်းကလေးများပါသည်။ အရွယ်အစား လေးလက်မရှည်သည်။ နှစ်လက်မမှ နှစ်လက်မခွဲခန့်အထိ ရှည်နိုင်သည်။

တိရစ္ဆာန်ဆေးကုအင်စပက်တော် ဦးဘမြိုင်ရရှိခဲ့သည့် ရေဆင်အမ၏အရောင်သည် မွဲပြာသည်။ ချောမွတ်သည်။ ခြေနှင့်လက်ပါရှိသည်။ ခြေချောင်းငယ် လေးချောင်းစီပါရှိသည်။ အထက်အောက် အံသွားနှစ်ချောင်းစီ တွေ့ရသည်။ ဆင်မတစ်ကောင်၏ အစိတ်အပိုင်းပါရှိသည်။ အသားစားသည့် လက္ခဏာမရှိပေ။ ရေမှော်များသာစားထားသည်။ ဒုတိယဖမ်းမိသည့် ရေဆင်အထီး(အသေ)သည် မီးခိုရောင်သန်းသောအဖြူ ရောင်ရှိသည်။ ခြေချောင်းလေးချောင်းစီပါရှိသည်။ အဖြူ ရောင်အစွယ်သည် တစ်လက်မစီရှည်သည်။ လုံးပတ်သည် မီးခြစ်ဆံချောင်းခန့်ရှိသည်။ အစွယ်သည် အခေါင်းဖြစ်သည်။ အထက်အောက်အံသွားနှစ်ချောင်းစီပါရှိသည်။ မျိုးပွားအင်္ဂါအပြည့်အစုံ တွေ့ရသည်။ ရေညှိရေမှော်သာစားသည်။ ကုန်းဆင်ကဲ့သို့ အရွက်စားသတ္တဝါပင်ဖြစ်နိုင်သည်။

လူသိနည်း မြန်မာဖြစ်ရပ်များTempat cerita menjadi hidup. Temukan sekarang