2.ထွက်ခွာသွားတဲ့တိမ်

641 18 3
                                    


အချစ်ရေ ဝေးလွှင့် သွားတဲ့ တိမ်တိုက်ဖြူတွေကြား ငေးမောရင်း နင်နဲ့ငါတို့ ပျော်ရွှင်ခဲ့တဲ့ အဖြူရောင်ကြင်နာမှုတွေ အခုတော့တိမ်ဆိုင်တွေလိုပြိုကွဲမှ ငါ့မျက်ရည်တွေ မိုးလိုဆွေရတာ နင်တော့ဘယ်သိမလဲ
ထွက်သွားပါ ချစ်သူ
နင်ပျော်မယ်ဆိုထွက်သွားလိုက်ပါ
ငါ့နှလုံးသားက နင့်အတွက်ဆို ကြေမွပျက်ဆီးပါစေ
ကြွင်းကျန်နေမယ့် အမှတ်တရလေးတွေ သိမ်းဆည်း စုဆောင်းရင်း
ဒဏ်ရာအနာတရနဲ့ နှလုံးသားကိုပျော်ရွှင်စွာပွေ့ပိုက်လို့
နင်ပြန်မလာမယ့်လမ်းမှာ ရုန်းမထွက်နိုင်သော ထုံအအ လူတစ်ယောက်အဖြစ် စိတ်ပျက်ဖို့ကောင်းစွာ ငါ ရှိနေအုံးမှာမို့
#RachelYu

[Unicode] တစ်ယောက်သောသူထံသို့ - To My Someone   [Zawgyi] တစ်ယောက်သောသူထံသို့ - TWhere stories live. Discover now