5.Definition of love for Girl

316 14 1
                                    

မိန်းကလေးတွေအတွက်
အချစ်ဆိုတာ
စိန်ပြေးလိုက်တမ်းဆော့နေသလိုပဲ
ကိုယ်ကပြေးနေတုန်းတော့သူကလိုလိုချင်ချင်လိုက်ဖမ်းတယ်
နည်းနည်းလေးတောင်အလျော့မပေးဘူး
ရအောင်ဖမ်းတယ်
ဟောကိုယ်ကပြေးရတာလည်းမောလာပြီပြီးတော့သူလိုက်ဖမ်းနေရတာလည်းမောလှပြီသူ့ကိုမပင်ပန်းစေချင်တော့ဘူးသူ့ကိုပျော်ရွှင်စေချင်တယ်လေကိုယ့်ကိုဖမ်းမိရင်သူပျော်ရှာမှာဆိုတော့အလိုက်သင့်လေးအဖမ်းခံလိုက်တယ်
ကဲအဲ့တော့ဘာဖြစ်လဲ
သူကဖမ်းလို့မိတော့ပျော်သွားပြီပေါ့
အဲ့မှာကိုယ့်အလှည့်ရောက်လာတာပဲ
ကစားပွဲမှာဖမ်းခံရတဲ့သူကပြန်လိုက်ရတယ်လေ
အဲ့လိုပဲကိုယ်ကအမိခံလိုက်တော့သူထွက်ပြေးဖို့ပြင်ပြီကိုယ်လိုက်ရပြီလေသူ့အကြိုက်သူ့သဘောကျသူ့အလိုကျကိုယ်လိုက်နေမိပြီ
ဟောဒီလောက်လိုက်ပေးနေတာတောင်
တခါတလေသူ့ခြေလှမ်းကမမှန်ချင်တော့ဘူး
ရည်းစားမဖြစ်ခင်ကအချိန်မှန်ဖုန်းဆက်အလေးပေးတာတွေကအချိန်မမှန်လာတော့ဘူးသူတို့ပဲအကျင့်လုပ်ပေးပြီးခုကျမင်းကသိပ်ရစ်တာပဲဆိုပြီးအနားကနေပြေးချင်တော့တာပဲ
အဲ့တော့လိုက်ဖမ်းရပြီပေါ့
ဘာကြောင့်လဲဘာလို့လဲဆိုတဲ့သံသယများစွာနဲ့မွန်းကျပ်တနေ့တနေ့သူ့ဆီကမှဖုန်းမလာစာမရရင်ဖြင့်သေမလိုဖြစ်အော်မိန်းကလေးတွေ
နောက်ဆုံးတော့ပြေးတုန်းကလည်းမောလိုက်ဖမ်းရတော့လည်းမော
မောလှချည်ရဲ့နော်....
မှတ်ချက် (အတွေးတချို့သာဖြစ်၍လုံးဝမှန်ကန်သည်ဟုမဆိုလိုပါအချစ်ဟူသည်ဒသနများစွာရှိသည်သာ)
#RachelYuRi

[Unicode] တစ်ယောက်သောသူထံသို့ - To My Someone   [Zawgyi] တစ်ယောက်သောသူထံသို့ - TDove le storie prendono vita. Scoprilo ora