20.နွေညရဲ့ဥပေက္ခာ

68 7 0
                                    

ပူလောင်လောင် နွေတည
ဂရုမစိုက်ခြင်း အနုပညာပါပေါင်းထည့်
ငါ့အချစ်တွေကို ဥပေက္ခာပြုသတဲ့လား
အလွမ်းတွေကို ချေမိုး
ချစ်မေတ္တာတွေကို နင်းချေလို့
သစ္စာတွေကို အနှစ်မပါတယ် နင်ထင်လေတော့
စုတ်ပြတ်သတ်သွားတဲ့ လေတံခွန်ငယ်
ကောင်းကင်ယံ ပျံနိုင်အုံးမတဲ့လား
ချောင်ငယ်ငယ် မှောင်တထောင့်မှာ
ငါခိုရင်း တိတ်တဆိတ် ငိုမယ်
မိုးအလင်း အိပ်စက်မရခြင်း ညပေါင်းတွေ
ကုန်ဆုံးသင့်ပီ ထင်လေတယ်...

Hsu
(2/24/2019-sunday-9:15AM)

[Unicode] တစ်ယောက်သောသူထံသို့ - To My Someone   [Zawgyi] တစ်ယောက်သောသူထံသို့ - TWhere stories live. Discover now