18. အလင်းရောင်

94 7 0
                                    

တကယ်ချစ်ရင် 

ချစ်ရတဲ့သူက ပို ရင်နာရတယ်...

တချက်လေး လေသံပြောင်းတာတောင်

ကိုယ့်ရင်မှာ နာကျင်တော့...

ပြတ်သားစွာမပြောလိုက်ပါနဲ့ချစ်သူ။

အပြုံးတစ်ခု မင်းမျက်နှာမှာ မမြင်တဲ့တနေ့ဟာ

ကိုယ့်အတွက်တော့ ကမ္ဘာပျက်တာထက် ဆိုးတဲ့ အခိုက်အတန့်တစ်ခု...

ဒါကြောင့် မင်းအပြုံးတွေကို ဖန်ဆင်းခွင့်ရတဲ့ လူသားသာဖြစ်ပါရစေ ဆုတောင်းနေမယ် ချစ်သူ။

မနာကျင်ပါနဲ့ ချစ်သူ...

ကိုယ်ကြောင့် နာကျင်ခဲ့ရင် ပွင့်လင်းစွာ အပြစ်တင်လိုက်ပါ အချစ်ရယ်...

မင်း ရင်မှာ မြိုသိပ်လို့ ဒဏ်ရာတွေ ကိုယ်မရစေလိုဘူး

စိတ်ရှိတိုင်းသာ ပေါက်ကွဲပစ်စမ်းပါ ချစ်သူ။

မင်းဟာ ကိုယ့်ဘဝရဲ့ အလင်းရောင်

အလင်းရောင် မရှိရင် လူသားတွေ နေထိုင် အသက်ရှင်ဖို့ ခက်ခဲ ကြမ်းတမ်းသတဲ့

ဒါကြောင့် တောင်းဆိုခွင့် တစ်ခုပဲ လက်ခံပေးပါ ချစ်သူ

အေးမြတဲ့ အလင်းရောင် ပူနွေးတဲ့ အလင်းရောင် မင်းကြိုက်သလိုသာ ပေးစွမ်းပါ

တစ်ခုပဲ ကိုယ့်ဘဝက ကွယ်ပျောက် စွန့်ခွာ မသွားပါနဲ့ ကိုယ့်ချစ်သူ...




[Unicode] တစ်ယောက်သောသူထံသို့ - To My Someone   [Zawgyi] တစ်ယောက်သောသူထံသို့ - TWhere stories live. Discover now