*Part .3*

4.9K 401 1
                                    


သာမန်​စား​နေကျ ထမင်းဝိုင်း​လေးတွင်
ယနေ့ လူတစ်​ဦးပိုလာခဲ့၏
ထိုသူမှာ baekhyun ​မျှော်​လင့်​တမ်းတ
နေခဲ့​သော Park chanyeol ဆိုသည့်
လူသားတစ်​​ယောက်​ပင်

ဘာစကားမှဝင်​မ​ပြောပဲ ငြိမ်​​ကုတ်​နေ​သော
ကောင်​​လေး၏​ဦး​ခေါင်းထဲ၌
အ​တွေး​ပေါင်းစုံကခုန်​လျက်

ဘယ်​တုန်းကမှ​တောင်​မ​တွေးခဲ့မိဘူး
Yeol အတူ တစ်​ဝိုင်းတည်းမှာ ထမင်းအတူ
စားရလိမ့်​မယ်​လို့

ဘာမှမ​ပြောပဲ ထမင်းသာဆက်​စား
နေ​သော ကျ​နော်​က မထူးဆန်း
ဒါကျ​နော့်​ရဲ့ ပုံစံပဲ​လေ
ဒါမဲ့ စကား​တွေ​ရေပတ်​မဝင်​​ပြောပြီး
ရယ်​​မော​နေ​သော ကျ​နော့်​​ရှေ့ကလူသား
နှစ်​ဦးက​တော့ ထူး​ဆန်း၏

ကျ​နော်​ Yeol ကိုဟိုးအရင်​တည်းက
သိ​နေတာ ထား

တွေ့တာနာရီပိုင်းမျှသာရှိ​သေး​သော
Jongin hyung ကဘာလို့ ဒီ​လောက်​​တောင်
ရင်းနှီးပြ​နေရတာလဲ
ကျ​နော်​ရှိ​နေတာ​တောင်​​မေ့​နေတာလား

Yeol ကလူ​တွေအများကြီးနဲ့​တွေ့ကြုံ
ဆက်​ဆံဖူးတယ်​လို့​ပြောရင်​မှားမယ်​မထင်
အခုလို ရင်းနှီးလွယ်​တာကသက်​​သေ​လေ
ဘယ်​သူနဲ့မဆိုဘယ်​​နေရာ​ရောက်​​ရောက်
အဆင်​​ပြေ​အောင်​​နေတတ်​တာသူ့ ပုံစံပဲ
ဒါမဲ့ဗျာ အခု​တော့ လွန်​မ​နေဘူးလား
တကတည်း...သူကြည့်​ရမယ့်​လူနာက
ကျ​နော်​ဆိုတာ ​သူမသိထားဘူးလား

* အဟမ်း ~~*

' ဟားးးးးး''ဟားးးးးးးး'

ငင့်​ ! ကျ​နော်​​ချောင်းဟန့်​တဲ့အသံက
သူတို့ကို ကလိထိုးသလိုများဖြစ်​သွားသလား
Yeol ​နေရာမှာ တခြားသူသာဆို
ကျ​နော်​ ထ​အော်​လိုက်​မိပြီ

'ဟား~~~'

'ကျစ်​~~ဘာလို့အဲ့​လောက်​​တောင်​ရယ်​​နေကြတာလဲ
တော်​​တော်​​ပျော်​​နေကြလား !
hyung ! ဒီလိုထိုင်​ရယ်​​နေ​လောက်​​အောင်
အားယား​နေတာလား ! company မှာ
meeting ရှိတယ်​ဆို...သွား​တော့​လေ !'

' hyunee ah...'

' chanyeol shi လည်းသွား ..'

သည်းမခံနိုင်​​တော့တဲ့အဆုံးထ​အော်​မိ​တော့
အံသြစွာကြည့်​လာ​သော hyung ရဲ့
အကြည့်​​တွေနဲ့အတူ
တိတ်​ဆိတ်​သွား​သော ပတ်​ဝန်းကျင်

💖💖Tomorrow With You 💖💖( Completed)Where stories live. Discover now