* Part.25*

2.8K 208 8
                                    

အိပ်​ရာနိုးတည်းက​ပျောက်​​နေပါ​သော luhan တစ်​​ယောက်​ကို sehun  လိုက်​ရှာရင်း စိတ်​ပူ​နေပါသည်​ . ညကစကား​ပြောရင်း တိတ်​ဆိတ်​သွားသူ​​​ကြောင့်​ကိုယ့်​ကိုယ်​ကိုသာအပြစ်​တင်​လိုက်​သည်
သာမန်​ထက်​ပိုပြီးတိတ်​ဆိတ်​​နေတဲ့အချိန်​ဆိုတာ Luhan တကယ်​စိတ်​ဆိုးလို့​လေ

အိမ်​တစ်​အိမ်​လုံးလည်းနှံ​နေပြီ ခုထိရှာမ​တွေ့
စိတ်​ပူ​ပေးရမယ့်​က​လေးတစ်​​ယောက်​မဟုတ်​​ပေမယ့်​ စိတ်​ချ​ပေးရမယ့်​လူကြီးလည်းမဟုတ်

ခြံထဲဆင်းလာလိုက်​တယ်​ သူများရှိ​နေမလားလို့
ကားအနက်​​ရောင်​တစ်​စီးကလွဲရင်​ အိမ်​​ရှေ့မှာဘာမှမ​တွေ့တာနဲ့ ​ပန်းပင်​​တွေစိုက်​ထားတဲ့​ဘေးဘက်​ထဲ​ပြေးဝင်​လာလိုက်​တယ်​ ဟိုကြည့်​ဒီကြည့်​နဲ့ရှာမိ​တော့

' sehun ah.....'

' ဟင်​ ?'

' ဘာရှာ​နေတာလဲ ?'

' hyung.....hyungဘယ်​​တွေ သွား​နေတာလဲ ?'

လက်​ထဲမှာပန်းညှပ်​တဲ့ ကပ်​​ကြေး​လေးကိုင်​ပြီး အသံပြုလာတဲ့ ​သူဆီကို​ပြေးသွားလိုက်​တယ်
မသိဘူး သူ့ကို​တွေ့တဲ့အချိန်​မှရင်​ထဲက မငြိမ်​နိုင်​တဲ့  သတ္တဝါ​လေး ချက်​ချင်းကိုလိမ္မာသွားတဲ့ခံစားချက်​မျိုး

ရုတ်​တရက်​လွတ်​ကျသွားတဲ့ ကပ်​​ကြေး​လေးနဲ့ ဆွံ့အသွားရတဲ့ luhan . ဟုတ်​ပါတယ်​ ကျ​နော်​သူ့ကိုဖက်​ထားတာ အရမ်းအ​ကောင်​​သေး​တော့ ​ပျောက်​သွားမှာ​ကြောက်​လို့

' hyung..... ညကကိစ္စအတွက်​​တောင်းပန်​တယ်​​နော်​....ကျ​နော်​ လွန်​သွားတယ်​မလား '

' ဟင့်​အင်း....မင်းမလွန်​ပါဘူး  ငါကသာ က​လေးဆန်​သွားတာ '

အရာရာကိုသာ က​လေးတစ်​​ယောက်​လိုစိတ်​​ဆိုးစိတ်​​ကောက်​ရရင်​လည်း sehun ရယ်​ မင်းနဲ့ငါ ဒီတစ်​သက်​လက်​ထပ်​နိုင်​ဖို့မမြင်​ . ဒါမဲ့ ငါစိတ်​ကိုက ထိန်းချုပ်​လို့မရတာ . ဘယ်​​လောက်​ပဲအင်​အားရှိတဲ့ခြ​င်္သေ့တစ်​​ကောင်​လိုမာန်​တင်းထား​ပေမယ့်​ မင်း​ရှေ့​ရောက်​ရင်​ သမင်​တစ်​​ကောင်​လို ​သေးငယ်​သွားတတ်​တာ . မာနဆိုတာမျိုးက​တော့ ​အ​ဝေးကြီးဆုံးကိုလွင့်​လျက်​​ပေါ့...

💖💖Tomorrow With You 💖💖( Completed)Where stories live. Discover now