*Part.21*

2.7K 206 1
                                    

နား​နေခန်းထဲက လူတစ်​​ယောက်​ရဲ့ အာရုံကို​ငွေ​ရောင်​အိတ်​​လေးကအပြည့်​အဝဖမ်းစားထား၏

အပြာနု​ရောင်​ စာရွက်​သား​လေးထဲ ​ချောကလက်​​ရောင်​နဲ့ ပုံ​ဖော်​ထားတဲ့ စာလုံး​တွေကိုကြည့်​ရင်း chanyeol အသက်​ပါပါပြုံးလိုက်​မိသည်​ ​သေ​သပ်​လှတဲ့ ပြင်​ဆင်​မှု​လေးကို​ကြည့်​ရင်း ​တော်​​တော်​​လေးသ​ဘောကျ​နေမိသည်

ဖြစ်​ချင်​တာ​ပေါ့ ဒီလိုမင်္ဂလာပွဲမျိုး

လုပ်​​ပေးချင်​တာ​ပေါ့ ဒီလို ​သေသပ်​တဲ့ ဖိတ်​စာမျိုး

ပေးဖူးချင်​တာ​ပေါ့ နူးညံ့တဲ့ အကြင်​နာတစ်​ခုကို လူ​တွေအများကြီး​ရှေ့ သူ့ရဲ့ ​ခင်​ပွန်းပါလို့တ​လောကလုံးကြား​အောင်​အကျယ်​ကြီး​​အော်​ဟစ်​လိုက်​ချင်​တာ ဒါမဲ့ဘာ​တွေကဝေး​နေ​စေတာလဲ

' ဘာ​တွေဒီ​လောက်​​တွေး​နေတာလဲ '

' ah....kyungsoo shi ~'

'အဲ့ဒါ ဘာလဲဟင်​ ?'

chanyeol လက်​ထဲက ​ငွေ​ရောင်​အိတ်​​လေးကို kyungsoo ကြည့်​ရင်း​မေးလာ၏

' ထက်​ထပ်​ပွဲ ဖိတ်​စာ​လေ ...လှတယ်​မလား '

' အင်း ဘယ်​သူလက်​ထပ်​တာလဲ '

' Kim jongdae ​လေ'

' ​အော်​...ဟို~~ရိုက်​ကူး​ရေးလုပ်​သွားတဲ့တ​ယောက်​ '

kyungsoo ရဲ့စကားကို chanyeol ​ခေါင်းငြိမ့်​လက်​ခံလိုက်​သည်​ နှစ်​​ယောက်​လုံးငြိမ်​သက်​သွားတဲ့ အ​ခြေအ​နေမှာ အ​တွေးကိုယ်​စီနှင့်​ပင်

' အဲ့​တော့ baekhyun ကိုသတိရ​နေတာလား '

kyungsoo ​မေးတာကို တိတ်​ဆိတ်​စွာပဲဝန်​ခံမိပါတယ်

' သွားသင့်​ရဲ့လားလို့ ...UK မှာလုပ်​မဲ့လက်​ထပ်​ပွဲကိုသွားသင့်​ရဲ့လား စဉ်းစား​နေတာ '

chanyeol ရဲ့​ဘေးခုံကို kyungsoo ဝင်​ထိုင်​လိုက်​တယ်​ လက်​ထဲက ​ရေသန့်​ဘူး​လေးကို ​မော့​သောက်​ပြီး အဖုံးကိုအရစ်​ကျကျ​သေချာပြန်​ဖုံးလိုက်​ရင်း

' chanyeol shi....ကျ​နော်​သိတဲ့အချစ်​ဆိုတာ ​မျက်​​တောင်​​မွှေး​လေး​တွေလိုပဲ . မျက်​လုံးနဲ့အနီးဆုံးမှာရှိ​နေ​တော့ မမြင်​နိုင်​တာမျိုး​လေ...'

💖💖Tomorrow With You 💖💖( Completed)जहाँ कहानियाँ रहती हैं। अभी खोजें