* Part.9*

3.6K 310 7
                                    

Jongin hyung နဲ့အတူ မိဘမဲ့​ကျောင်းကို
Company ရဲ့နာမည်​ နဲ့ပရဟိတ သွားလုပ်
တုန်းကကျ​နော့်​အသက်​ 14 နှစ်​​ကျော်​ရုံ​လေးသာ
ရှိ​သေး၏

မိဘမဲ့​ကျောင်းက က​လေး​တွေနဲ့တ​နေ့လုံး
အတူကစား​ပေးရင်းစကား​တွေအများကြီး​ပြော
ဖြစ်​ခဲ့သလို သူတို့အတွက်​လိုအပ်​မယ့်
အသုံးအ​ဆောင်​ပစ္စည်း​တွေကိုcompany ရဲ့
နာမည်​နဲ့ပဲ ​ပေးလှူခဲ့တယ်

အမှန်​​တော့ company ရဲ့CEOရာထူးကို
ဆက်​ခံစဖြစ်​တဲ့ jongin hyung ​​က
company နဲ့ Kim မျိုးနွယ်​ရဲ့ image
အတွက်​ တခါမှမ​ရောက်​ဖူး​သော မိဘမဲ့​ကျောင်းကို ပရဟိတ သွားလုပ်​ခဲ့ခြင်းပင်

appa နဲ့ omma ကနှုတ်​ဆက်​ချိန်​​တောင်
မ​ပေးပဲတိတ်​တဆိတ်​ထွက်​သွားခဲ့သည်​မှာ
မကြာ​သေးတာမို့ ဒီမိဘမဲ့​ကျောင်း​လေးက
ကျ​နော့်​အတွက်​ မကျက်​​သေးတဲ့ ဒဏ်​ရာကို
အသစ်​ပြန်​ဖြစ်​​စေခဲ့တယ်
အခုချိန်​မှာကျ​နော်​လည်း သူတို့နဲ့အတူတူပဲ​လေ

သူတို့​လေး​တွေကြည့်​ရင်း ကျ​နော်​ ကိုယ့်​ကိုယ်​ကို
လှောင်​​ပြောင်​မိတယ်
ကျ​နော်​ သူတို့​လောက်​​တောင်​ ​လောကကြီးကို
ရင်​ဆိုင်​ဖို့ သတ္တိမရှိလို့
ဘုရားသခင်​ကို ​ကျေးဇူးတင်​မိတာဆိုလို့
အရာရာပြည့်​စုံပြီး​တော်​လွန်းတဲ့
jongin hyung အကို တစ်​​ယောက်​အဖြစ်​ဖန်​ဆင်း​ပေးခဲ့တာ ​...ဒါ​လေးပါပဲ....

ဒါမဲ့​လေ ရုတ်​တရက်​ မျက်​​ထောင့်​ကမြင်​လိုက်​ရတဲ့
မြင်​ကွင်း​လေးက ကျ​နော့်​ကိုမှင်​သက်
သွား​စေခဲ့တယ်​ appa နဲ့ omma​ကိုဝေးခဲ့ရလို့
ကျ​နော်​ အပြစ်​တင်​ထားတဲ့ကံကြမ္မာ ကို​တောင်
မဆီမဆိုင်​ ကျ​နော်​​ကျေးဇူးတင်​လိုက်​မိတယ်

လမ်း​လျှောက်​တက်​ခါစ က​လေး​တွေကို
ပွေ့ချီ​ချော့မြူရင်း သွားဖြူဖြူ​လေး​တွေ​ပေါ်တဲ့အထိ
ပြုံးရယ်​​နေတဲ့ Yeol က ရစ်​ဝဲ​နေတဲ့ မျက်​ရည်​စ​တွေ
ခိုဝင်​​ပြေးပုန်းသွား​စေတဲ့အထိ စွမ်း​ဆောင်​နိုင်​ခဲ့တယ်

မြက်​ခင်းစိမ်း​ပေါ်လဲကျသွားတဲ့က​လေးပြန်​ထူ မ
ပေးရင်း ​လက်​​လေး​တွေကထိန်း​ပေးကာ
နောက်​ထပ်​တစ်​ကြိမ်​ လမ်း​လျှောက်​နိုင်​​အောင်
ကူညီ​ပေး​နေတဲ့ yeol ​ကြောင့်​ ကျ​နော့်​ ရဲ့
အမြင်​အာရုံတို့ သံမှိုရိုက်​ ​ကျောက်​ချထားသည့်​နှယ်
နေရာ​​ရွေ့မသွားခဲ့

💖💖Tomorrow With You 💖💖( Completed)Where stories live. Discover now