Vampire-5

999 60 0
                                    

Yugyeom's POV
မ​နေ့ညက ကျွန်​​တော်​​ပြောထားတဲ့ ဆိုင်​ကိစ္စ​ကြောင့်
Hyungရှာ​ပေးထား​သော ဂန်းနမ်​ဘက်​က ဆိုင်​ခန်း​လေး
ကို ကြည့်​ဖို့ ကျွန်​​တော့်​ပြိုင်​ကား​အနက်​​လေးနဲ့အတူ
ထွက်​လာခဲ့မိတယ်​။၎၊၅ရက်​​လောက်​ အပြင်​မထွက်​မိတာ
ကြောင့်​ အနည်းငယ်​ ​ပြောင်းလဲသွားဟန်​တူ​သော ကားလမ်း
မကြီးကို ​ငေးကြည့်​ရင်း ကား​မောင်းလာခဲ့မိတယ်​။
Hyung​ပေးထားတဲ့ လိပ်​စာထဲက​နေရာကို​ရောက်​​တော့
ကားရပ်​ပြီး ထိုဆိုင်​​လေးဆီသွားဖို့ ကားထဲက​ခြေလှမ်းအပြင်
တိုက်​ခတ်​လာ​သော ​ဆောင်း​လေရဲ့​အေးစက်​မှု​ကြောင့်
အ​ပေါ်မှထပ်​ဝတ်​ထား​သော ကုတ်​အသား​ရောင်​ကို
လက်​ဖြင့်​ ဆွဲစိလိုက်​ရင်း ဆိုင်​ခန်း​လေးဆီသို့ ထွက်​လာ
လိုက်​တယ်​....
   ဆိုင်​​ရှေ့​ရောက်​​တော....ဆိုင်​ပုံစံ​လေးက သပ်​သပ်​ရပ်​ရပ်​​လေးနဲ့ အ​တော်​ကြည့်​​ကောင်းပါတယ်
အ​ပေါ်မှာလည်း ထပ်​ခိုးပုံစံ​လေးလည်းပါ​သေး...
ပန်း​နု​ရောင်​​ဆေး​သုတ်​ထား​သော ထိုဆိုင်​ခန်း​လေးက
Candyဆိုင်​ ဖွင့်​ဖို့အတွက်​ အသင့်​ဖြစ်​​နေသ​ယောင်​.....
ကျွန်​​တော်​ ထိုဆိုင်​ခန်း​လေးရဲ့ တံခါး​လေးကို တွန်းဖွင့်​ပြီး
ဝင်​သွားလိုက်​တယ်​...အထဲကို ​ဝေ့ဝဲကြည့်​လိုက်​​တော့...
ဈေး​ကောင်​တာ​လေးဖြင့်​..တင့်​တယ်​စွာလှပ​နေ​သော
အခန်း​လေး.....အထဲမှာ​တော့ အရင်​ဆိုင်​ဖွင့်​ခဲ့သူရဲ့ ပစ္စည်း
ဟောင်းတစ်​ချို့က​နေရာယူ​နေ​လေရဲ့...
"မဖြစ်​​သေးပါဘူး..ဆိုင်​အပြင်​အဆင်​ကို အခုထဲကကြိုလုပ်
ထားမှပါ"ဟူ​သော အ​တွေးဖြင့်​ Mark hyungဆီ
phoneလှမ်းဆက်​ပြီး ပြင်​ဆင်​ရမည်​များကို မှာကြားကာ
ကား​လေးဆီ ပြန်​လာခဲ့လိုက်​တယ်​...

Yugyeom: harr...အိမ်​မြန်​မြန်​ပြန်​​ရောက်​ချင်​ပါပြီဆို
ကားလမ်းကပိတ်​​နေ​သေး...ကျစ်
     မီးပွင့်​မိ​နေ​သော ကားတန်းရှည်​ကြီးကိုကြည့်​ပြီး
စိတ်​အလိုမကျစွာညည်းတွားရင်း ကားစီယာတိုင်​ကို လက်​ဖြင့်
တစ်​ချက်​ထုလိုက်​မိတယ်​...ကားပိတ်​သည်​က တစ်​​ကြောင်း
စိတ်​ညစ်​သည်​ကတစ်​​ကြောင်း​ကြောင့်​ ​ခေါင်းကို ဘယ်​ညာရမ်းကာ ဟိုဟိုသည်​သည်​ကြည့်​​နေခိုက်​...
မျက်​စိထဲဝင်​လာသည်​က လမ်းတစ်​ဖက်​ခြမ်းက coffee
ဆိုင်​​လေး...အ​ဝေးကလှမ်းကြည့်​ရုံဖြင့်​ ထင်​ရှားစွာမြင်​​နေရသည့်​ ဆိုင်းဘုတ်​​လေးမှာ ​ရေးထားသည်​က "Moonlight Cafe"တဲ့....
ထိုဆိုင်​​လေးကိုကြည့်​ရင်း ​coffeeဝင်​​သောက်​ဖို့ ဆုံးဖြတ်​ကာ...လမ်းတစ်​ဖက်​မှာ ကားရပ်​ပြီး လူကူးမျဉ်းကျား
မှတစ်​ဆင့်​ ထိုဆိုင်​​လေးဆီသို့.....

လမိုက်​ညရဲ့vampire(Completed)Where stories live. Discover now