Vampire-9
747 52 0
Bam's POV
     ကျွန်​​တော်​နဲ့ hyungနဲ့ခင်​လာတာ တစ်​ပါတ်​​လောက်
ရှိပြီဗျ....အဲ..ဒီ​နေ့ ကျွန်​​တော်​ အလုပ်​နားရက်​မို့ သူ့ဆိုင်​ကို
သွားလည်​ဖြစ်​တယ်​...ထမင်းလည်းစား​ရင်း​ပေါ့....
ထမင်းစားရင်းနဲ့ သူ့ကို​လျှောက်​လည်​ဖို့​ပြောကြည့်​မိတယ်​..
ဒီ​နေ့ကValentine Day​နေ့​လေ...ကျွန်​​တော်​လည်း
ကျွန်​​တော်​ ချစ်​ရတဲ့သူနဲ့ လည်​ချင်​တာ​ပေါ့....
အယ်​..သူလက်​ခံသား...ကျွန်​​တော်​တို့ ​လျှောက်​လည်​ကျရင်း
ည​နေ​စောင်း​တော့ ဟန်​မြစ်​ကမ်းက သီချင်းဆိုအဖွဲ့ရဲ့
သီချင်းကိုနား​ထောင်​​နေရင်း သူကျွန်​​တော့်​ကို နမ်းဖို့ကြိုးစားတယ်​...ကျွန်​​တော်​လည်း သူ့အနမ်းကို
ခံယူဖို့ မျက်​လုံး​လေးမှိတ်​ပြီး ​စောင့်​ဆိုင်း ​နေ​ပေမယ့်
အနမ်းကကျ​ရောက်​မလာလို့ မျက်​လုံးဖွင့်​ကြည့်​မိ​တော့
သူ​ပြေးထွက်​သွားတယ်​...
ကျွန်​​တော်​လည်း သူ့အ​နောက်​က​နေ အ​ပြေးလိုက်​ပြီး
လမ်းကြားထဲ​ရောက်​​တော့ သူ့ကို​မေး​နေ​ပေမယ့်
ရုတ်​တရက်​......
Bam:arrr.............
ကျွန်​​တော်​ တစ်​စုံတစ်​​ခုရဲ့ကိုက်​ခဲခြင်းကိုခံလိုက်​ရပြီး
ကျွန်​​တော့်​ကမ္ဘာကြီး အ​မှောင်​ကျသွား​လေရဲ့...............
ကျွန်​​တော်​ နိုးထလာခဲ့တယ်​..
ကျွန်​​တော်​...ကျွန်​​တော်​မ​သေ​သေးဘူးလား..
ကျွန်​​တော်​ အခန်းကို​ဝေ့ဝဲကြည့်​မိ​တော့.....ဒီ​နေရာ...
ဒီ​နေရာက.....hyungရဲ့အိမ်
လည်​ပင်း​နေရာက စပ်​ဖျင်းဖျင်း ခံစားမှု​ကြောင့်​ ကိုင်​ကြည့်​မိ​တော့ ပလာစတာကပ်​ထားတာကို သိလိုက်​ရတယ်​....ကျွန်​​တော့်​ကိုကိုက်​လိုက်​တဲ့သူက....
Hyungများလား?...ar..မဖြစ်​နိုင်​တာ hyungကလူ​လေ....vampireမှမဟုတ်​.....
Vampire မဟုတ်​မှ....hyungကvampireများလား?
'​ချောက်​'
တံခါးဖွင့်​သံကြားလို့ လှည့်​ကြည့်​မိ​တော့ hyungဝင်​လာတယ်​....
Yugyeom:သက်​သာလား?ဘယ်​လို​နေ​သေးလဲ?
မှာ ဝင်​ထိုက်​လိုက်​တဲ့hyung
Bam:hyung....ကျွန်​​တော်​​လေ...အကိုက်​ခံရတာ...hyungမဟုတ်​ပါဘူး​နော်
Yugyeom:ဟုတ်​တယ်​...ငါပဲ..မင်းထင်​​နေသလိုပဲ
    ကျွန်​​တော့်​အ​မေးကို ​အေး​ဆေးငြိမ်​သက်​စွာနဲ့ အ​ဖြေပြန်​​ပေးလာတဲ့ hyung...
Bam:အဲ့ဒါဆို...ကျွန်​​တော်​က ဘာလို့မ​သေ​သေးတာလဲ
Yugyeom:မင်းက ငါ့ကျိန်​စာကို ​​ချေဖျက်​​ပေးမယ့်
တစ်​​ယောက်​​သောသူမို့လို့...မင်းက..ငါ့ရဲ့ဖူးစာဖက်​မို့လို့
      ဖူးစာဖက်​တဲ့လား....ဒီအ​ဖြေကိုသ​ဘောကျ​ပေမယ်​..
သူ့ရဲ့vampireဆိုတဲ့ ဖြစ်​တည်​မှုနဲ့ ကျိန်​စာဆိုတာကြီးကို ကျွန်​​တော်​ သ​ဘောမကျ​ပေ...
Bam:ကျိန်​စာတဲ့လား....ဘာကျိန်​စာလဲ?
    ကျွန်​​တော်​​မေး​နေစဉ်​အချိန်​အတွင်း အခန်းထဲ လူနှစ်​​ယောက်​ဝင်​လာတယ်​...ထိုနှစ်​​ယောက်​ထဲကတစ်​​ယောက်​က ဒီအိမ်​ကလူကြီး
သူက ကျွန်​​တော့်​အ​မေးကို​ပြောလာတယ်​...
Mark:ဒီလို..%#⅜&¼ý$% (Markက​ပြောပြ​နေတယ်​ပဲ သ​ဘောထား​ပေး​နော်​ အ​ရှေ့ပိုင်းမှာ​ရေး​ပေးထားတယ်​​လေ ကျိန်​စာအ​ကြောင်း
authorငပျင်းပါ😁😁)
Bam:​ကောင်းပြီ....ကျွန်​​တော်​ခင်​ဗျားရဲ့ကျိန်​စာကို ဖျက်​​ပေးမယ်
    ကျွန်​​တော်​စကားအဆုံး သူတို့​တွေ လန့်​သွားတယ်​....
ကျွန်​​တော်​ သူနာကျင်​ခံစားမှာကို တကယ်​မမြင်​ရက်​ပါ
ကျွန်​​တော့်​ချစ်​ရသူအတွက်​ ကျွန်​​တော်​ ဒီ​လောက်​​တော့
ပေးဆပ်​သင့်​တယ်​မလားဟင်​......
နောက်​တစ်​ပိုင်း finalပါ....​ရေးရင်းနဲ့ ပျင်းလာလို့😅😅
လမိုက်​ညရဲ့vampire(Completed)Where stories live. Discover now