Vampire-10(final)
1.2K 68 7
Yugyeom's POV
     ဟက်​ဟက်​....ဟို​ကောင်​​လေးက ကျွန်​​တော့်​အတွက်
အသက်​​တောင်​​ပေးမယ်​တဲ့....သူကျွန်​​တော့်​ကို ​တော်​​တော်
ချစ်​ရှာသား...ကျွန်​​တော်​လား? ကျွန်​​တော်​လည်း သူ့ချစ်​တာ​ပေါ့...မြင်​မြင်​ချင်း ချစ်​မိတယ်​ဆို ခင်​ဗျားတို့
ယုံကြပါ့မလား..ကျွန်​​တော့်​လိုလူမျိုးက ခံစားချက်​ကို
မ​ဖော်​ပြတတ်​လို့ပါ...ကျွန်​​တော်​သူ့ကို ချစ်​ပါတယ်
သူကျွန်​​တော့်​အိမ်​မှာ​နေ​နေတာ၆ရက်​​လောက်​ရှိပြီ...
နက်​ဖြန်​ဆိုလမိုက်​ည​ရောက်​ပြီ​လေ... .
ကျွန်​​တော့်​အိမ်​မှာ​နေ​နေတဲ့ တစ်​​လျှောက်​လုံး သူ​ငေး​ငေးငိုင်​ငိုင်​နဲ့....ရှင်းရှင်း​ပြောရရင်​ ကျွန်​​တော်​သူ့ကို
မ​သေ​စေချင်​ဘူး.....
သူအခန်းရဲ့ ပြတင်း​ပေါက်​နားမှာ မတ်​တတ်​ရပ်​​နေတုန်း
ကျွန်​​တော်​သူ့နားသွားပြီး အ​နောက်​က​နေ ခါးကိုဖက်​ရင်း
သူ့ပခုံး​လေး​ပေါ်မျက်​နှာအပ်​ထားမိတယ်​....
Bam:humm....hyung ဘာဖြစ်​လို့လဲဟင်
နေမ​ကောင်းဘူးလား?
Yugyeom:မဟုတ်​ပါဘူး ...ကိုယ်​ဒီတိုင်း​လေး Bamကိုဖက်​ထားချင်​လို့ပါ
    ကျွန်​​တော်​​ပြောရင်း သူ့လည်​ပင်းသား​လေးကို နမ်းရှုံ့မိတယ်​....
Bam:hyung...အရမ်းကြီး စိတ်​မ​ကောင်းမဖြစ်​ပါနဲ့​နော်
ကျွန်​..ကျွန်​​တော်​မရှိလည်း ​ကောင်း​ကောင်း​နေ​နော်
ကျွန်​​တော်​အရမ်းချစ်​တာ သိတယ်​မလား?sob...
ကျွန်​​တော့်​ဘက်​ကို သူ့ကိုယ်​လုံး​လေးကိုလှည့်​လိုက်​​တော့
မျက်​နှာ​လေးနီရဲ​နေ​အောင်​ကို ငို​နေရှာတာ...
Yugyeom:မငိုပါနဲ့Bamရယ်​ မငိုနဲ့​နော်
   ကျွန်​​တော်​သူ့ရဲ့ မျက်ရည်​​တွေကိုသုတ်​​ပေးရင်း
သူ့နှုတ်​ခမ်းပါး​လေးကို အနမ်း​ခြွေလိုက်​တယ်​....
သူ့ဘက်​ကလည်း တုန့်​ပြန်​ရင်း ဝင်​စ​နေ​ရောင်​​နွေး​နွေး​အောက်​ အနမ်း​တွေပုံ​ဖော်​လျက်​...
:
:
:
:
:
:
:
:
လမိုက်​ည........
Jinyoung:အဆင့်​သင့်​ဖြစ်​ပြီလား...Bam Bamနဲ့
Yugyeom
Bam:nae!
     Jinyoungရဲ့ အ​မေးကိုကျွန်​​တော်​မ​ဖြေချင်​ပါ
သူစီစဉ်​​ပေးထားတဲ့ အစီအရင်​​တွေကြား သူ့ကိုမကြည့်​ရက်​..
Mark hyungကလည်း ကျွန်​​တော်​တို့ကို ဝမ်းနည်းစရာ
မျက်​ဝန်း​တွေနဲ့ကြည့်​လျက်​....
'​ဒေါင်​'
နာရီရဲ့ 12နာရီအချက်​​ပေးသံကြားရတာနဲ့....ကျွန်​​တော်​စည်းဝိုင်းထဲ ဝင်​သွားခဲ့တယ်​...
ကျိန်​စာရဲ်​ ပြစ်​ဒဏ်​​တွေကို ကျွန်​​တော်​ခံစား​နေရ​ပေမယ့်
သည်းခံပြီးသာ ဝင်​သွားခဲ့တယ်​...
စည်းဝိုင်းထဲ​ရောက်​တာနဲ့ စီမံထားတဲ့ ​ငွေဓားကိုကိုင်​ပြီး
သူ့ရဲ့လည်​​ချောင်းနားကိုရွယ်​ထားရင်း.....
'စွက်​'
Bam:andwel.......
ကျွန်​​တော်​သူ့ကိုမထိုးပဲ ကျွန်​​တော့်​ရင်​ဝကိုသာနစ်​ဝင်​​အောင်
ထိုးချပစ်​လိုက်​တယ်​.....ကျွန်​​တော့်​တစ်​ကိုယ်​လုံးလည်း
စူးချွန်​များစွာထွက်​​ပေါ်လျက်​....
Jinyoungနဲ့Mark hyungရဲ့ ​အော်​ဟစ်​သံ​တွေကို
လျစ်​လျူရှုရင်း ကျွန်​​တော့ကို​ပြေးဖက်​လာ​သော သူ့ရဲ့လက်​က​လေးကိုဆုပ်​ကိုင်​ပြီး..
Bam:Bam​လေး....ကိုယ်​မရှိလည်း ​ပျော​ပျော်​ရွှင်​ရွှင်​​နေ​နော်​ အရမ်းချစ်​တယ်​သိလား
    ကျွန်​​တော့်​စကားအဆုံး ကျွန်​​တော့်​တစ်​ဘဝလုံး အ​မှောင်​ကျသွားခဲ့ပြီ...
Bam's POV
ကျွန်​​တော့်​ရင်​ခွင်​ထဲ အသက်​မဲ့​နေတဲ့ သူ့ရဲ့မျက်​နှာ​လေးကိုကိုင်​ရင်း ကျွန်​​တော်​သည်းထန်​စွာ
ငို​နေမိတယ်​.....ဟုတ်​တယ်​ ကျွန်​​တော်​လည်း သူမရှိရင်
ကျွန်​​တော်​ရှင်​သန်​နိုင်​မှာမဟုတ်​ဘူး...ကျွန်​​တော်​ဆုံးဖြတ်​ခဲ့
တယ်​ သူ့ရဲ့​နောက်​ကိုလိုက်​သွားဖို့....
ကျွန်​​တော့်​​ဘေးနားမှာရှိတဲ့ ဓားတစ်​​ချောင်းကိုဆွဲယူပြီး
ကျွန်​​တော့်​ရင်​ဝကို ထိုစိုက်​လိုက်​တယ်​.....နာကျင်​လိုက်​တာ
ဒါ​ပေမယ့်​ ဒီနာကျင်​မှုက ကျွန်​​တော့်​ချစ်​ရသူကို ဆုံးရှုံးရတဲ့
နာကျင်​မှုကို မှီမှာမဟုတ်​ပါဘူး.....ကျွန်​​တော့်​လုပ်​ရပ်​​ကြောင့်
Jinyoung hyungနဲ့ Mark hyungက စိုးရိမ်​စွာ
ကို​ကြွေး​နေ​ပေမယ့်​...ကျွန်​​တော်​သူ့ကိုဖက်​ရင်း ကျွန်​​တော်​​နောက်​ဆုံး​တော့....​သေဆုံးသွားခဲ့ပြီ....
ထို​နေ့က ထိုအိမ်​ထဲမှာ ​ကောင်​​လေးနှစ်​​ယောက်​ရဲ့ အ​လောင်းနဲ့အတူ သည်းထန်​စွာငို​ကြွေး​နေတဲ့ ​ကောင်​​လေးနှစ်​​ယောက်​ရဲ့ ငိုသံတို့ ကြီးစိုးလျက်​....
အချစ်​စစ်​သာမှန်​ရင်​ ဘယ်​ဘဝ​ရောက်​​ရောက်​ ပြန်​ဆုံနိုင်​ကြမှာပါ.......ကဲ..ပြီးပြီဗျို့ ဘာ​တွေ​ရေးမိမှန်းမသိဘူးဗျာ😖😖 sorry 😅
လမိုက်​ညရဲ့vampire(Completed)Where stories live. Discover now