•2•

5.2K 282 22
                                    

သူမ၏ နူးညံ့သော လက်ဖဝါးလေးက ကျွန်တော့်အသားကို လာထိတွေ့ချိန် ကျွန်တော် သူမအပေါ် ခုန်အုပ်လိုက်ချင်သော်လည်း...

ဘာကြောင့်မှန်းမသိ အာရုံတွေထွေပြားလာကာ မလုပ်သင့်သောအရာ မဖြစ်သင့်တာတွေ  ဖြစ်လာသည်။

လူသားတျောက်ကို ပထမဦးဆုံးအကြိမ် နီးကပ်စွာ မြင်ဖူးခြင်း ဖြစ်သည့်နည်းတူ လူသားထံမှ အထိအတွေ့များကိုလည်း ခံစားရတော့ စိတ်ထဲရှိ ခံစားချက်များမှာ အသစ်အဆန်း။

သူ၏ အထိအတွေ့အောက်မှလွတ်မြောက်ရန်  ကြိုးစားချင်သော်လည်း တစ်ချိန်တည်းမှာပင် သူမ၏ အထိအတွေ့ကို ပိုလိုချင်မိနေသည်။

•~•~•~•~•

သူမ ကျွန်တော့်အား ညင်သာစွာ ပွတ်သပ်နေတုန်း သူမ မျက်စိများအား ကျွန်တော် စူးစိုက်ကြည့်မိသည်။

သူမ၏ မျက်နှာ..
မျက်လုံး၊ နှာခေါင်း ၊ ပါးပြင်လေးများမှ သူမရဲ့ နှုတ်ခမ်းလေးတွေ...

ပန်းဆီရောင် နှင်းဆီအလား...
သူက...
လှလိုက်တာ။

သူမအား ကျွန်တော့်ရဲ့အကြည့်တွေနဲ့ နစ်မြောနေစေရင်း ..

" Lee Haneul!!"

အနောက်ဘက်မှ ခပ်တင်းတင်းအသံတို့က ကျွန်တော့်နဲ့ သူမကြား အထိအတွေ့လေးအား ပြန်တောက်စေခဲ့သည်။

ရုတ်တရက် တိုက်ခိုက်လာသော လေစိမ်းများကြောင့်ဘဲလား ...

သူမ အနားမှ မရှိတော့ နွေးထွေးမှုတွေ မရှိတော့သလို...

အသိစိတ်ကပ်အောင် ပြန်ထိန်းရင်း ထိုလူကြီး ကျွန်တော့်အား ဘာအန္တာယ်မှ မပေးခင် အိမ်သို့ အမြန်ပြေးထွက်လာခဲ့သည်။

•■•■•■•

အလွန်ဝေးလွန်းသည်။
တောအုပ်ကြီးထဲတွင်တောင်မှ အနက်ဆုံးနေရာ..

ဘယ်လူသားမှ မရောက်ဖူးသည့်တိုင်အောင် သွားရန် ခက်ခဲသည့်နေရာတွင် သူတို့အဖွဲ့ကျက်စားနေထိုင်သည်။

ဝံပုလွေများထဲတွင် အဆင့်အမြင့်ဆုံး တစ်နည်း ဩဇာအာဏာ အရှိဆုံးမှာ Alpha ပင်ဖြစ်သည်။

ധ๏ℓՔ / jjк [✔]Where stories live. Discover now