" ထယ်ထယ် Hyung ဘယ်လိုနေသေးလဲ...."
ဘေးနားတွင် တစ်ချိန်လုံးရှိနေသော Jimin က ခေါင်းသာခါပြသည်။
Jungkook လည်း သက်ပြင်းသာချလိုက်ပြီး Jimin ဘေးနား ဝင်ထိုင်ကာ ပျာနှမ်းနေသော ထယ့်၏ ရုပ်လေးသာ ကြည့်နေမိသည်။
Seokjin တို့၏ အိမ်သို့ ထယ့်အား ပြောင်းရွှေ့လိုက်ပြီးဖြစ်သည်။ နေ့တိုင်း ဆရာဝန်တစ်ယောက်ပြီးတစ်ယောက် ပင့်ကာ ကုသရန်ကြိုးစားသော်လည်း ဘယ်သူမှ မတတ်နိုင်ကြ။
" Hobi Hyung ကော..?"
" သူကတော့ နလန်ထူနေပါပြီ။ အရင်လိုဘဲ အသံကျယ်ကြီးနဲ့လည်း ဒီနေ့ရယ်နိုင်ပြီ..."
Jungkook ၏စကားအား Jimin ရယ်လိုက်မိသည်။
" ဒါနဲ့...အဲဒီ ကောင်မလေးကော..."
Jungkook ၏မျက်နှာပျက်သွားသည်။
" သူ...ကျွန်တော့်ကို ရှောင်နေတယ်..။ ကျွန်တော်သူ့နားရှိရင် မနိုးလာဘူး။ ဒါပေမယ့် ကျွန်တော်အဝေးရောက်နေရင် သူထပြီး အိမ်ထဲလျှောက်သွားနေတတ်တယ်တဲ့...
ကျွန်တော်လည်း ဘာကြောင့်လဲ နားမလည်နိုင်တော့ဘူး။ ကျွန်တော့်ကို မုန်းသွားတာများလား..."
" မပြောတတ်ဘူး...မင်းကဘဲ အရင် မျက်နှာချင်းဆိုင်လိုက်ပေါ့...အမြန်ဖြေရှင်းတော့ အမြန်အေးတာပေါ့.."
Jimin ၏စကားအား ထောက်ခံသည့်အနေနှင့် Jungkook ခေါင်းသာငြိမ့်နေလိုက်သည်။
•~•~•~•~•
မနေ့က သူမ သတိရလာခဲ့သည်။ သို့သော် Jimin နှင့် Jungkook တို့၏ စကားသံကြောင့် ဘာမှ အသိမပေးဘဲ ငြိမ်ငြိမ်လေးသာ နေလိုက်ရသည်။
" သူ...မသိသေးဘူးမလား? ငါတို့က လူတွေကြောက်ရတဲ့ ဝံပုလွေတွေဆိုတာလေ..."
Jimin ၏ထိုစကားများအား ကြားလိုက်ရပြီးနောက် သူမ ကြက်သီးများထသွားသည်။
ဘယ်လို? Jungkook က ဝံပုလွေတဲ့လား?
Jimin ကိုတော့ သူမမသိသော်လည်း Jungkook ကတော့ သူမ၏ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်မဟုတ်ပါလား?
ဘာလို့များ သူ့ကို ဖွင့်မပြောခဲ့ရတာလဲ?
ဘယ်အချိန်ထိများ ဖုန်းကွယ်ဖို့ ကြိုးစားနေတာလဲ?
YOU ARE READING
ധ๏ℓՔ / jjк [✔]
Fanfictionᴊᴜɴɢᴋᴏᴏᴋ × ʀᴇᴀᴅᴇʀ " You know that I can't show you me, give you me" ᴘʟᴇᴀsᴇ sᴜᴘᴘᴏʀᴛ ᴍᴇ, ᴍʏ ʀᴇᴀᴅᴇʀs? Finished on 7th May, 2019