•12•

1.6K 263 19
                                    


ကျောင်းတွင် ဆရာ Seokjin ၏ သင်ခန်းစားများကို နားမထောင်ဘဲ သူမအား သူစိုက်ကြည့်နေသည်။

ဆံပင်များနှင့် ဖုံးကွယ်ထားသော သူမ၏လည်ပင်းအား သူ အရမ်းမြင်တွေ့ချင်သည်။

သူ အဆင်ရောပြေပါရဲ့လား? ကျောင်းလာနိုင်သည့်ပုံကို ထောက်ရင်တော့ သူ နေတော့ကောင်းနေလောက်ပါပြီ။

အဲ့နေ့ သူသာ သူမနောက် လိုက်မကြည့်ခဲ့ရင် အခု သူ ရင်ကွဲရတော့မည်။

Tsk !! တစ်ကယ် အကြောက်အလန့်မရှိတဲ့ ကောင်မလေးဘဲ။

" ဒီနေ့တော့ ဒီလောက်ဘဲ။ စာမေးပွဲအတွက် အားလုံး ပြင်ဆင်ထားကြပါ.."

သင်ခန်းစားပြီးသွားသည်ကို တောင်မသိလိုက်။

ဆရာထွက်သွားသည်နှင့် Jungkook သူမ၏ ခုံဆီသွားကာ ခုံပေါ် လက်ထောက်လိုက်တော့ လန့်ကာ မျက်လုံးပြူးလေးများဖြင့် မော့ကြည့်လာသော Haneul။

" ငါတို့ စကား ခဏပြောကြရအောင်...ခေါင်မိုးထပ်ကို နေ့လယ်စာစားချိန်တက်လာခဲ့"

မျက်လုံးတစ်ဖက်မှိတ်ပြကာ အခန်းထဲမှ ထွက်သွားသော jungkook အား သူမကြည့်သာကြည့်နေမိသည်။

Jeon Jungkook ခုတလော ထူးဆန်းနေတယ်။
အမူအရာတွေကတစ်မျိုးဘဲ။

ပြီးတော့ သူငါ့ကို ဘာပြောစရာစကားတွေရှိလို့လဲ။
အတော်ဘဲပေါ့ ငါလည်း သူ့ကို မေးစရာတွေရှိတာဘဲ။

•~•~•~•~•

" ဘာပြောစရာရှိလို့လဲ Jungkook"

နောက်ကျောပေးနေရာမှ သူလှည့်လာကာ ကောင်မလေးထံ တစ်ဖြည်းဖြည်းချင်းကပ်သွားသည်။

" နင်...ဘာ-ဘာလုပ်နေတာလဲ?!!"

သူမ၏ ကျောပြင် နံရံအားထိသွားတော့ Jungkook နံရံပေါ်လက်တစ်ဖက်အား ထောက်ကာ..ကျန်တစ်ဖက်က သူမ၏ ဆံပင်အား ပုခုံးမှ ဖယ်လိုက်သည်။

နီးကပ်နေသော မျက်နှာပြင်တို့ကြောင့် Haneul အသက်တောင် သေချာမရှုနိုင်။

" ဘာ-ဘာလုပ်နေတာလဲလို့!!"

သူမ၏ လည်ပင်းပေါ်က ပျောက်ကွယ်လုနီးပါး အပေါက်နှစ်ပေါက်အား ကြည့်ကာ Jungkook ပြုံးလိုက်သည်။

ധ๏ℓՔ / jjк [✔]Tempat cerita menjadi hidup. Temukan sekarang