•32•

1.4K 196 7
                                    


" Nayeon-ah...ဒါ Jungkook တဲ့..။ ငါ့ ချစ်သူ.."

Jungkook နှင့် လက်ချင်းချိတ်ကာ Hanneul သူ၏သူငယ်ချင်းအား မိတ်ဆက်ပေးနေသည်။

"ဘာ..!! နင် တစ်ကယ်ဘဲ!! ဘာလို့ ငါ့ကို မပြောတာလဲ..."

Hanneul ၏ လက်မောင်းအား တစ်ဖျတ်ဖျတ် လိုက်ရိုက်လေတော့ Jungkook ကသူမအား ကျောနောက်တွင် ပုန်းကွယ်နေစေသည်။

" babe ကို မရိုက်နဲ့လေ...။ ရိုက်ချင်ရင် ငါ့ကိုရိုက်..."

" အမယ်လေးလေး အဖြစ်သည်းနေကြတာ..။ ပြော!! ဘယ်တုန်းက ဖြစ်သွားကြတာလဲ..?"

" သိပ်မကြာသေးပါဘူး...တောင်းပန်ပါတယ်.."

" ပြီးတာဘဲ...ဟွန့်..."

Hanneul သူမ၏ သူငယ်ချင်းနှင့် ချစ်သူအား မိတ်ဆက်ပေးသည့်အနေနဲ့ ကော်ဖီဆိုင်တစ်ဆိုင်တွင် ခဏတာ ထိုင်ဖြစ်ခဲ့သည်။

" babe...သူငယ်ချင်းနဲ့က သိတာကြာပြီလား?"

လက်အားတွဲကာ ပန်းခြံထဲတွင် အတူလျှောက်နေရင်း Jungkook ကမေးသည်။

" အင်း...အလယ်တန်းကတည်းက ခင်ခဲ့ကြတာလေ..."

" အဲ့ဒီလိုကိုး...."

လမ်းလျှောက်နေရင်းမှ ရုတ်တရက် ရပ်လိုက်သော သူ့အား သူမ မော့ကြည့်လိုက်မိသည်။

" ဘာလို့လဲ Kook..."

Jungkook ၏မျက်နှာမှာ တစ်ခုခုအား အခက်အခဲကြုံနေသည့်ပုံ။

" babe...ကိုယ် အကူအညီတစ်ခုလောက် တောင်းလို့ရမလား...."

" ဘာမို့လို့လဲ...."

•~•~•~•~•

တစ်ရွေ့ရွေ့ ရွေ့လျားနေသော ဘက်စ်ကားလေးတစ်စီးပေါ်တွင် နှစ်ယောက်သား အတူတူဘေးကပ်ထိုင်ရင်း ဖြတ်ကျော်လာခဲ့သည့် လမ်းတစ်လျှောက် ရှုခင်းများအား ကြည့်ရှုနေခဲ့ကြသည်။

Jungkook သူ၏ ပုခုံးပေါ် ခေါသ်းမှီထားသော သူမအား နဖူးပေါ်တွင် တစ်ခါနမ်းပြီး လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

" ကျေးဇူးတင်ပါတယ် babe..."

သုံးနာရီကြာ ကားစီးခဲ့ပြီးနောက် သူတို့ ဦးတည်ရာ နေရာသို့ ရောက်လာခဲ့တော့သည်။

ധ๏ℓՔ / jjк [✔]Where stories live. Discover now