Part-3

11.2K 803 66
                                    

" အဲ့ကောင်မလေးက တကယ်ပဲ သက်သေသွားတာလား ဉာဏ် "

" ဟုတ်တယ် ကိုကို .....သူ့ကောင်လေး ထားခဲ့လို့တဲ့ မေမေ မနက်က ဥာဏ်ကိုပြောပြတယ် ..."

ဆုံနေကျ တံတားလေးတွင် ရင်ခွင်ထဲဝင်ကာ သူက ပုံပြင်နားထောင်လေသည် ။ ကျွန်တော်ကတော့ ပုံပြင်စာအုပ်ကိုင်ကာ ပုံပြင်ဖတ်ပြနေရလေသည် ။ ပုံပြင်ဖတ်ပြနေရင်း အဆက်အစပ်မရှိ သူတို့ရပ်ကွက်ကောင်မလေးအကြောင်းကို ပြောပြနေလေသည် ။

" ဟာ ကောင်လေးထားခဲ့တာနဲ့ အဲ့လိုလုပ်စရာလား ..."

ကျွန်တော်ရဲ့ အလိုမကျဟန်စကားအဆုံး ဥာဏ်က ရင်ခွင်ထဲကို ပိုလိုပင်တိုးဝင်လာခဲ့သည် ။

" ကိုကို က သူလုပ်တာ မှားတယ်ထင်တာလား..."

" အဲ့လိုမျိုးတော့ မပြောချင်ပေမယ့် မလုပ်သင့်ဘူးလို့ ကိုကိုထင်တယ်....."

" ဥာဏ်တော့အဲ့လို မထင်ဘူး ကိုကို
သူအရမ်းနာကျင်နေလို့ ထင်တယ် သူနေရာမှ ဥာဏ်ဆိုရင်လည်း အဲ့လိုလုပ်ရပ်မျိုး လုပ်မိမယ် ထင်တယ်..."

သူစကားအကြား ကျွန်တော်ထိတ်လန့်မိသည် ။ ဖတ်လက်စ ပုံပြင်စာအုပ်ကို ဘေးကို ချပြီး သူ့မျက်နှာ သိုဝှက်ရာ ကျွန်တော်ရင်ခွင်ထဲမှ ထုတ်လိုက်သည် ။

" ဘာတွေ လျှောက်ပြောနေတာလဲ ဥာဏ်
ဒီလိုနိမိတ်မရှိတဲ့ စကားတွေ နောက်ဘယ်တော့မှ မပြောနဲ့ ......"

" ကိုကိုသာ ဥာဏ်ကို ထားခဲ့ရင် ဥာဏ်သေလိမ့်မယ် ကိုကို......"

" ဥာဏ္​........."

" ဥာဏ် ကိုကိုရင်ခွင်ထဲမှ ခဏနေချင်တယ်...."

ဥာဏ်သဘောအရ ရင်ခွင်ထဲတွင် ဥာဏ်ကို ပွေ့ဖက်ထားလိုက်သည် ။ ဥာဏ်ကလည်း တင်းကျပ်စွာ ပြန်လည်ပွေ့ဖက်ထားလေသည် ။

မင်းဘာတွေ တွေးနေလဲ ကိုကိုသိချင်လိုက်တာ ဥာဏ်ရာ......

" ကိုကို ရင်ခုန်သံကို ဥာဏ်အတိုင်းသားကြားနေရတယ်....... ပြီးတော့ ကိုကိုရင်ခွင်က ဥာဏ်ကို အရမ်းနွေးထွေးစေတယ်....."

ရင်ခွင်ထဲတွင် သူလေးကို လွှတ်ထွက်သွားမှာစိုးသည့်အလား ဖက်ထားမိသည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now