Part-14

8.3K 639 80
                                    

နီတာရဲ နှုတ်ခမ်းလေးကို မြိန်ရေရှက်ရေ သုံးဆောင်ကာ အနမ်းတို့ဖြင့် စီးချင်းထိုးနေမိသည် ။ လစ်ဟာမှုမရှိစေခြင်းကြောင့် သူ၏ခါးကိုတင်းကျပ်စြာ ဖက်ပြီး အနမ်းတို့ကို ဖန်တီးသည် ။

အနမ်းတို့တွင် ကမၻာတစ်ခုတည်ဆောက်နေသည့် သူနှင့်ကျွန်တော်သည် ဆက်လက်တိုက်ပွဲဝင်ဆဲ ။ အနမ်းတို့ကတစ်ဆင့် ပြင်းထန်လာသည့်နှင့် သူ၏ရှပ်အကျီပွပွသို့ မိမိလက်ကို ပြေးလွားရန် လုပ်နေစဉ်.....။

" တီ......တီ.........တီ........"

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် အနမ်းတို့ပျက်ဆဲသွားသည် ။ သူက ဖြူလွှသော အခိုးအေငွ့တွေကြား ပျော်ရွှင်စြာ ရယ်မြူးကာ ပြေးထွက်သြားလေသည် ။

" တီ.......တီ.......တီ......."

အဆက်မပြတ်မြည်လာသောအသံကြောင့် မျက်ခုံးတို့က တွန့်ချိုးနေသည် ။ မှိတ်ထားသော မျက်လုံးတို့ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်နှင့် ပထမဆုံး မျက်နှာကျတ်ကိုတွေ့ရသည် ။ ဘေးပတ်လည်ကို သေချာကြည့်မှ မိမိအခန်းမှန်း သိကာ အိမ်မက် မက်နေမှန်းသိသည် ။

" ဟာ........ခေတ်လွန်းစေ မင်းဘာတွေ တွေးနေပြန်ပြီလဲကွာ......"

မိမိကိုယ်ကို သတိပေးရင်း အိမ်မက်ထဲတွင် ပြစ်မွားခဲ့သော ဉာဏ်နှုတ်ခမ်းပါးပါးလေးက စိတ်နှလုံးကို အပိုင်စားယူထားသည် ။ ခုရက်ပိုင်းတွင် ဉာဏ်ကို နမ်းချင်သောစိတ်မ်ားက တားမရ ဆီးမရ ။

" ဟာ.......ရူးတော့မယ်......."

မနက်မိုးလင်းလို့ မျက်နှာမသစ်ရသေးဘူး ကျွန်တော်တစ်နေ့တာသည် သူ့အကြောင်းတွေနဲ့ စတင်သည် ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန် မိမိခန္ဓာကိုယ်သည် လှုပ်ရှားနေသော်လည်း စိတ်အလုံးစုံသည် သူဆီမွာသာ ဖြစ်သည် ။

____________________________

" ဟား.......ဟား......ဟား..........ခေတ် မင်းကွာ.....ငါကိုဟာသလာလုပ်နေတယ်......"

ခေတ်လွန်းစေရုံးခန်းထဲ၌ ဆိုဖာပေါ်တွင် ဖိုးသားသည် ဗိုက်ကိုနှိပ်ကာ အားရပါးရရယ်နေသည် ။

" အေး .....မင်းမခံစားဘူးတော့ ဘယ်သိမလဲ......"

မနက်က ဖြစ်ပျက်ခဲ့သော အကြောင်းများကို တစ်ဦးတည်းသော သူငယ်ချင်းကို ဖွင့်ဟပြောမိတော့ အားရပါးရယ်နေလေသည် ။ ပြောလိုက်သော မိမိမွာ ရှက်လာသည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now