Part - 25

7.7K 505 31
                                    

" ငါ ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေတာပါလိမ့် ... "

တလှပ်လှပ်ခုန်လာသော ရင်အစုံသည် ခုထိ မတည်ငြိမ်သေး ။ အကြောင်းကား ပထမဆုံးချိန်းတွေ့မှုကြောင့်ပင် ။ ရည်းစားမထားဖူးသည်လည်း မဟုတ်ပါ ။ ထိုလူလောက် မမ်ားပေမယ့် အတွေ့အကြုံတော့ ရှိလေသည် ။

" ငါကသာ သေမလို ရင်ခုန်နေတာပါ ၊ ကိုခွန်းကကော ငါလိုဖြစ်နေမှာ မဟုတ်လောက်ဘူး .....ဟူး ..."

သက်ပြင်းတစ်ခုကို ဆွဲချရင်း မိမိ၏ အဖြစ်ကို ပြန်တွေးမိသည် ။ ဟိုတစ်နေ့က ကိုခွန်းပြောသည့်စကားမ်ားက နားထဲတွင် အစီအရီသာ ။

ငါတို့တွဲရအောင် .........

ချစ်ရိပ်တစ်ခုတို့ ပျော်ဝင်ခြင်းမရှိတဲ့ ကိုခွန်းရဲ့စကား ။ ဟ့.....ဟုတ်သားဘဲ ကျွန်တော်အတွေးတွေကအစ ရူးကြောင်ကြောင်နိုင်သည် ။

" တော်ပါပြီ .............."

ဘာမှမတွေးချင်တော့သည်မို့ ချိန်းထားသည့်နေရာကိုသာ သွားရန်ပြင်ဆင်လိုက်သည် ။ တီရှပ်အနက်ရောင်၏အပေါ်မှ အစိမ်းရောင်အကွပ်စိတ်လက်ရှည်အား ထပ်ဝတ်လိုက်သည် ။ အောက်က ဂျင်းကို ဝတ်ထားသည့်မို့ ထွေထူးစွာ လုပ်စရာ မလိုတော့ပါ ။

" ဟူး............. "

ချိန်းထားသော ကော်ဖီဆိုင်တွင် မိမိသာကြိုရောက်နေပေမယ့် ခုထိ ကိုခွန်းမရောက်သေး ။ ကြည့်လင်သော မှန်သားပြင်က အပြင်ကို ငေးကြည့်မိတာ တစ်ကြိမ်မကတော့။သီချင်းသံခပ်လွင့်လွင့် ။ လာရောက်သည့် ဧည့့်သည်မ်ားကို ရေတွက်ကြည့်လျှင်  ခုချိန်ထိတော့ လူမကျသေး ။

" ဆော်ရီး .......... ကိုယ် နောက်ကျသြားတယ် "

ဟုတ်တယ် ။ အရင်လို မင်းနဲ့ငါအစား သူကိုယ်သူ "ကိုယ် "ဆိုသော နာမ်စားအား ထိုလူသုံးလေသည် ။ အရင်လို သူကောင်မလေးများက ဖုန်းဆက်သံမကြားရတာ အနည်းကြာလေပြီ ။ တစ်ခါတစ်လေ လောဘကြီးစွာ မိမိကြောင်ဟု ထင်မှတ်ခဲ့သည် ။

" ဒီနေ့ ဘယ်သွားကြမလဲ ....... "

" ကိုခွန်း ကြိုက်တဲ့နေရာသွားပါ......သွင်က အဆင်ပြေပါတယ် ......"

" အာဆိုလည်း သွားကြမယ် ........ "

" ဟုတ် .......... "

ပိုက်ဆံရှင်းအပြီးတွင် ရှေ့ကဦးဆောင်ကာ သြားနေသော ကိုခွန်း၏ ကျောပြင်ကို ငေးကြည့်နေမိသည် ။ အရင်လို ကျွန်တော်ကြားတွင် ရန်ဖြစ်နေတာတွေထက် လိုအပ်တာထက်ပိုပြီး စကားမပြောရသည့် ဆက်ဆံရေးကို ကျွန်တော်မကြိုက်ပါ ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now