Part-15

8.5K 629 47
                                    

DATING

တုံ့ခနဲ့ရပ်လိုက်ပြီး ပြောင်လက်နေသော ကားတစ်စီးသည် လှပခြင်းထက် ပို၍လှပသော ခြံဝန်းတွင် ရပ်လိုက်သည် ။ ကျယ်ပြန့်သော မြက်ခင်းစိမ်းစိမ်းတို့က အဆုံးမရှိ ။ ဂေါက်ကွင်းတောင် တည်ထားသော ခြံအကျယ်အဝန်းကို မိမိကိုယ်တိုင် တိတိကျကျမသိခဲ့ ။

ဆောက်ထားသော အိမ်ကလူမနေသည်မွာ ကြည့်တာနဲ့သိသာသည် ။ အကျီလက်ကို တံတောင်ဆစ်ထိ ခေါက်တင်ပြီး ကားတံခါးကို ဖွင့်ပေးလိုက်သည် ။

" ဆင်းလို့ရပြီ ဉာဏ်......"

မိမိနှင့်ဆင်တူ အကျီအနက်ရောင်ဝတ်ဆင်ထားသော ဉာဏ်သည် ယခုထိ ခြံကြီးကို ငေးမောနေဆဲ ။ ခြံဝန်းကြီး၏အလှအပကိုလည်း စိုက်ပျိုးထားသော နှင်းဆီခင်းမ်ားက ထောက်ပံပေးနေသည် ။

" ကိုကို...........ဒါက အိမ်ရောဟုတ်ရဲ့လား......."

ငေးမောနေရင်း မိမိကိုပါ မေးခွန်းထုတ်ပြန်သည် ။ သူက ကျယ်ဝန်းသော ခြံကြီးကို ကြည့်နေပြီး ကျွန်တော်က သူ့ပါးပြင်ဖွေးဖွေးကို ကြည့်နေမိသည် ။

ကော်ဖီရောင်ဆံနွယ်တွေကို သွေဖယ်စေပြီး သူနဖူးပြင်အား နမ်းရှိုက်လိုက်သည် ။ နမ်းလိုက်မှ ဘေးကလူကို ရှိတယ်လို့ ထင်ပုံရပြီး မျက်စောင်းထိုးလေသည် ။

ဟာ........ဒီမျက်စောင်းလှလှတွေကြောင့် ဒီကကောင်မွာ ရူးရတော့မယ်.........

" နောက်တစ်ခါ မျက်စောင်းမထိုးနဲ့ ဉာဏ်......."

မိမိပြောလိုက်သည်နှင့် ဝိုင်းစက်နေသော မျက်ဝန်းလှလှတို့ဖြင့်ကြည့်ပြန်လေသည် ။ နှုတ်ခမ်းကို တစ်ချက်ကိုက်ကာ ပြုံးရိပ်သန်းနေသော သူကို အပြစ်တော့ပေးရမည်။

" အဲ့မျက်ဝန်းလှလှတွေကိုလည်း အရမ်းကြီး ထုတ်မသုံးနဲ့ .........."

ပြောရင်းဆိုရင်း သူမျက်နားအနီးသို့ တိုးကပ်လိုက်သည်ကြောင့် သူလေးက အလိုက်သိစြာ မျက်ဝန်းတို့ကို မှိတ်ချလိုက်သည် ။ သူမျက်နှာပေါ်သို့ အနမ်းနွေးနွေးတို့ကို ဖြန့်ကျက်လိုက်သည် ။

" ကိုကို လူလည်ကျတယ်......."

သူထပ်မံကိုက်လိုက်သည် နှုတ်ခမ်းပါးပါးလေးတွေကြောင့် ထိုနှုတ်ခမ်းလေးကိုပါ ခလုတ်တိုက်လိုက်သည် ။ ဖြတ်ပြေးသွားသော မိမိနှုတ်ခမ်းတို့ကတော့ ခုထိပြေလျော့ခြင်းမရှိဘဲ တွန့်ချိုးနေဆဲပင် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now