❤4❤

748 128 0
                                    

သူ့ကို ဝင်​လုံးလာသည့်​ ယူမင်းဂျယ်​ကို ​ရှောင်​လိုက်​ကာ အနားရှိ သစ်​ပင်​​ပေါ် ​ပြေးကန်​၍ တစ်ပတ်လှည့်ကာ ​ယူမင်းဂျယ်​​ခေါင်းကို ​ဖောင်းခနဲ ဝိုက်​ကန်​ပစ်​လိုက်​သည်​။

ထည့်​ထားသည့်​အားနှင့်​ အရှိန်​​ပေါင်းပြီး ယူမင်းဂျယ်​ ​မှောက်​သွားကာ သတိလစ်​သွား​တော့သည်​။ အနည်းဆုံး တစ်​နာရီ​လောက်​​တော့ ​မေ့​နေလိမ့်​မည်​။ အ​ရေးမပါတဲ့ ကိစ္စအတွက်​ အချိန်​ဖြုန်းလိုက်​မိတာပဲ။ ယူမင်းဂျယ်​ သူ့ကို မသတ်​လိုက်​ရ၍ ​ကျေနပ်​မှာမဟုတ်​တာ ​သေချာသည်​။ အဲဒီအတွက်​ သူကိုယ်​တိုင်​​တော့ မ​ဖြေရှင်းချင်​။ ဒါဆို သူလုပ်​ဖို့က ဟာရူထံ တာဝန်​လွှဲ​ပေးလိုက်​ရုံ။

နမ်ဂျွန် ဖုန်းထုတ်ကာ ​​​​ဟာရူဆီ ဖုန်း​ခေါ်ဖို့လုပ်​လိုက်​သည်​။ သူ ဖုန်းမ​ခေါ်ရ​သေးခင်​ သူ့ဆီ ဝင်​လာသည့်​ ဖုန်းနံပါတ်​က သူ့​ဒေါ်​လေး။ ဖုန်းလက်​ခံလိုက်​ပြီးတာနဲ့ သူ ​သွေး​တွေငယ်​ထိပ်​​ဆောင့်တက်​ကုန်​သလို ခံစားလိုက်​ရပြီး အသည်းအသန်​​ပြေးထွက်​လာခဲ့ကာ ကား​ပေါ်​ပြေးတက်​၍ စက်​နှိုးလိုက်​ပြီး နမ်​ဂျွန်​ ကားကို တရကြမ်း​မောင်းထွက်​လာမိသည်​။

ကား​ပေါင်းများစွာကို ​ကျော်​တက်​ရင်း မီးနီ​တွေကို ဖြတ်လာရင်းနဲ့ သူ အမြန်​​ရောက်​ဖို့သာ ဆန္ဒစော​နေမိသည်​။

ယာဉ်စည်းကမ်း​တွေ ​ဖောက်​ဖျက်​လို့ ရဲ​တွေလိုက်​လာလည်း ဂရုမစိုက်​၊ အခုချိန်​မှာ သူ့​ရှေ့မှာ လာပိတ်​တဲ့သူက ရဲဖြစ်​​နေရင်​​တောင်​ တိုက်​သတ်​ပစ်​လိုက်​မည်​။

ဒေါ်​လေးဆီက ဖုန်းဝင်​လာချင်းချင်း ကြားလိုက်​ရတဲ့ သတင်း​ကြောင့်​ သူ့ကိုယ်​သူ ​တော်​​တော်​စိတ်​ပျက်​သွားမိသည်​။ ဒီလန်းတစ်​​ယောက်​တည်းနဲ့ လုံ​လောက်​မယ်​ ထင်​ခဲ့တာ .. မဟုတ်​ဘူး .. သူ အခုလုပ်​​နေတာ​တွေကို ပိရိလှပြီ ထင်​ခဲ့တာ။ သူ့ အ​ဖေဆိုတာ ဘယ်​လိုလူလဲ ဘယ်​​လောက်​အထိ အာဏာ​ပေါက်​​ရောက်​သလဲဆိုတာ သူ သိသိချည်းနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ ​သွေးနားထင်​​ရောက်​​နေခဲ့မိတယ်​လို့ပဲ ဆိုချင်​​တော့သည်​။ တကယ်​လို့ .. တကယ်​လို့သာ ​ဆော့ဂျင်​တစ်​ခုခုဖြစ်​သွားခဲ့ရင်​ .. သူ ခွင့်​မလွှတ်​နိုင်​ .. သူ့ကိုယ်​သူ​ရော ... ​ဆော့ဂျင်​ကို ထိခိုက်​​အောင်​လုပ်​သည့်​သူမှန်​သမျှ​ရော ...။

The Day without YOU (THE NAMJINIST) Z+UWhere stories live. Discover now