❤1❤

2.1K 160 18
                                    

ပေါင်ပေါ် တင်ထားသည့် လက်နှစ်ဖက်ကို ကျစ်ကျစ်​​ဆုပ်ထားပေမယ့် တုန်လှုပ်နေသည့် စိတ်က လက်ဖျားတွေပါ အေးစက်ကာ တုန်ယင်နေ​စေ၏။

ကြောက်တတ်တဲ့ သူနှစ်ခါသေတယ်တဲ့။ ... ဖေဖေ ပြောခဲ့ဖူးတဲ့ စကားကို သတိရမိတော့ ​​ဆော့ဂျင်​ နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း ကိုယ့်ရှေ့မှာ ရှိနေသည့် လူတွေကို မမြင်ရသော်လည်း မော့ကြည့်လိုက်မိသည်​။

" ငါ ..... "

စကားပြောဖို့ ကြိုးစားလိုက်ပေမယ့် တိတ်ဆိတ်နေတဲ့ ဝန်းကျင်မှာ ထွက်လာတဲ့ သူ့အသံကိုပင် သူ ပြန်လန့်နေပြီး အကုန်လုံးရဲ့ အကြည့်တွေက သူ့ဆီမှာ စူးစိုက်ကျလာမှာကို ခံစားမိကာ အငွေ့ပျံ၍ပင် ပျောက်ကွယ်သွားချင်မိသည်။

ပြောဖို့အားယူနေမိသော်လည်း တကယ်တမ်းကျ နှုတ်ဖျားမှ စကားသံထွက်ကျလာဖို့ပင် ခက်ခဲလွန်းလှသည်။

လည်ချောင်းဝမှာ တစ်ဆို့နေသည့် စကားလုံးတွေကို သွန်ချဖို့ ကြိုးစားနေစဉ် အနားကို လှစ်ခနဲရောက်လာသည် ထင်မိသော လှုပ်ရှားမှု အသံသဲ့သဲ့ကြောင့် ​ဆော့ဂျင်​ လက်တွေကို ပို၍ ကျစ်ဆုပ်လိုက်မိသည်။

သူ ထိတ်လန့်ေ​​နဆဲမှာ နားထင်​ကို အေးစက်စက်လာထိတွေ့သည့် အထိအတွေ့နှင့်​ တဆက်​တည်း ​​'ချောက်'​ဟူ​သော ​အသံတစ်​ချက်​ကြားလိုက်​ရသည်​။

" ပြောစရာရှိတယ်​ဆို မြန်မြန်ပြော .. သိပ်​စိတ်​ရှည်​တာမဟုတ်​ဘူး​ "

မကြောက်ဘူးဟု အားတင်းထားသော်လည်း တဆတ်ဆတ် တုန်ယင်နေသည့် နှုတ်ခမ်းပါးတို့နှင့် ထိန်းချုပ်ထားသည့် ကြားမှ မြေပြင်ပေါ် အလည်သွားချင်နေသည့် မျက်ရည်စက်တို့က သူ့ကို သစ္စာဖောက်သည်။

" မင်း လက်ထဲက သေနတ်ချထားလိုက် ! "

ခေါင်း​ဆောင်​ဖြစ်​ဟန်​တူသူ၏ အမိန့်​ဆန်​ဆန်​အသံ​အဆုံးမှာ ဆော့ဂျင်ရဲ့​နားထင်ထက် ဖိကပ်ထားသည့် သေနတ်၏ အထိအတွေ့ ပျောက်ကွယ်သွားသည်။

သူ့ တစ်သက်နှင့် တစ်ကိုယ် မြင်ပင် မမြင်ဖူးခဲ့သော သေနတ်ကို ဒီမှာ ရှိ​နေသည့် ​လူတွေကတော့ ကလေးကစားစရာလို ကိုင်ဆောင်နေသလား မသိ။

The Day without YOU (THE NAMJINIST) Z+UWhere stories live. Discover now