သေနတ်သံတွေကြောင့် အပြင်ဘက်က ရဲတွေ အထဲကို ဝင်လာသည်။ .. အဖမ်းခံရတော့မည့် ဂင်မ်နမ်ချောလ် အသံတိတ်ပြုံးလိုက်သည်။ သေနတ်ကိုင်ထားသည့်လက်က တဖြည်းဖြည်း မလာကာ မေးအောက်ကို ပင့်ထောက်၍ မောင်းဖြုတ်ချလိုက်သည်။ အရုပ်ကြိုးပြတ်လဲကျသွားသည့် အလောင်းဟာ နမ်ဂျွန်နဲ့ ဆော့ဂျင်ဘေးကို ကျလာသည်။
" နမ်ဂျွန် .. "
စကား ပြန်မလာတော့သည့် နမ်ဂျွန့် ခန္ဓာကို တင်းကြပ်စွာ ပွေ့ဖက်ရင်း ဆော့ဂျင် အရူးတစ်ယောက်လို ငိုမိသည်။
ဟာရူ အပြေးဝင်လာပြီးမှ မြင်လိုက်ရသည့် အခြေအနေတွေကြောင့် ကြက်သေသေသွားရသည်။ ဒါ ဘယ်လိုဖြစ်ပြီး ... သူ လက်သီးတင်းတင်းဆုပ်ရင်း ဒီလန်းရှိရာကို သွားကာ ဆွဲထူလိုက်ပြီး အပြင်ကို အရင်ဆုံးသွားပို့ရသည်။ သူတို့ သခင်လေးကို ဆုံးရှုံးလိုက်ရလို့ အစ်ကိုလေးဝမ်းနည်းနေတာ သူ မနှောင့်ယှက်ချင်လို့ သူ အပြင်မှာ ခဏရပ်နေလိုက်သည်။
ဆော့ဂျင် စကားသံမဲ့ငိုရှိုက်သံက အနီးအနားကို ပျံ့လွင့်နေလျက်။
ငါ့ကို မနောက်ပါနဲ့ကွာ .... ငါ့ကို ကာကွယ်ပေးမယ်ဆို .. ငါ့အနားမှာ အမြဲရှိနေပေးမယ်ဆို .. မင်း ငါ့အနားက ထွက်သွားတာတော့ မဟုတ်ဘူးမလား ... နမ်ဂျွန် .. မင်း ပြောဖူးတယ်လေ .. ငါ့အနားက ဘယ်တော့မှ ထွက်မသွားဘူးဆို !
ငါ အခု ဒီမှာရှိနေတယ်လေ ... ငါ ခေါ်နေတာကို ဘာလို့ ပြန်မထူးရတာလဲ ?
ငါလေ .. မင်း မရှိဘဲ ဘယ်လိုနေရမလဲ .. ဟင် .. ပြောလေ ... နမ်ဂျွန် .. ငါ ငိုနေတယ်လေ ... ငါ့ မျက်ရည်တွေကို မုန်းတယ်ဆို ... မငိုနဲ့လို့ ငါ့ကို ဆူဦးလေကွာ ... သူ နမ်ဂျွန့်ကို ဆွဲကိုင်လှုပ်ခါရင်း အော်ငိုမိသည်။ စကားသံတွေက အလုအယက်တိုးတိုက်ထွက်လာဖို့ လုံးပမ်းနေသော်လည်း လည်ချောင်းထဲမှာ တစ်ဆို့ကာ ဘာစကားမှ ထွက်မလာနိုင်ခဲ့။ .. သူ့ကို ဖက်ထားသည့် နမ်ဂျွန့်လက်တွေ ပြေကျသွားတဲ့အချိန်၊ နမ်ဂျွန့်ဆီက နှလုံးခုန်သံတိုးတိတ်သွားတဲ့အချိန်၊ နမ်ဂျွန့်ဆီက အသက်ရှုသံတွေ တိုးညှင်းရပ်တန့်သွားတဲ့အချိန် နမ်ဂျွန် သူ့ဘေးကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုတဲ့ အမှန်တရားကို ဆော့ဂျင်လက်ခံလိုက်ရသည်။

YOU ARE READING
The Day without YOU (THE NAMJINIST) Z+U
Short Storyမင်းနဲ့အတူသာဆို လျှောက်ရမယ့်လမ်းက ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးဝန်းရံလို့ ဒဏ်ရာပရဗွနဲ့ သွေးတစက်စက်ကျရလည်း ကိုယ် မမှုဘူး ...မင်းနဲ့အတူသာဆို လေထန်ပြီး မိုးသက်မုန်တိုင်းဘယ်လောက် ကြမ်းပါစေ ကိုယ် မတွန့်ဆုတ်ဘူး ... မင်းလက်ကိုသာ တ...