- 5 -

6.8K 719 20
                                    

Pain is ခင်ဗျား🥀(Part-5)

Zawgyi

ကျွန်တော် မှားလား မှန်လား ဘာကိုမှမသိတော့....
တကယ်တမ်းက သူ့ကိုမမုန်းဘဲမုန်းတယ်လို့ပြောခဲ့ရခြင်း....
ချစ်တာကိုဖုံးကွယ်ချင်တဲ့စိတ်နဲ့ စိတ်တင်းကာ မုန်းတယ်လို့
သာဇွတ်ပြောထွက်ခဲ့တဲ့ ကျွန်တော် ခုတော့တကယ်နောင်တ
ရနေမိပြီ.....

သူနဲ့မျက်နှာချင်းဆိုင်မိလျှင် သူကမျက်နှာကို ချက်ချင်း
လွှဲပစ်သည်....
အကြောင်းမရှိအကြောင်းရှာကာ ကျောင်းဆင်းချိန် Jimin
နဲ့ စကားပြောတော့လည်း မသိချင်ယောင်သာဆောင်နေ
သည်...
ကျွန်တော်နဲ့ဝေးသွားလျှင် မေ့နိုင်မယ်လို့ထင်ခဲ့တာ...
ဝေးတော့လည်း တောင့်တမိနေပြန်ပါရော....

နောက်ဆုံး မထူးဇာတ်ခင်းကာ သူ့ဆီကိုပြန်သွားကာ
စကားပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်....
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
Jimin အိမ်ကိုဝင်သွားလိုက်သည်....
ဘယ်သူမှမရှိ....Jiminတော့ရှိသည်....
ဧည့်ခန်းထဲမှာ ငူငူကြီးထိုင်နေသော ဒင်း ဘေးတွင်ဝင်ထိုင်လိုက်သည်....

Jk-Jimin....
Jm-ကျားသားမိုးကြိုး မင်းကငါ့အိမ်လာလို့ပါလား...
Jk-ဘာလဲ?မလာရဘူးလားကွ...
Jm-လာပါ လာပါ ထူးဆန်းနေလို့ပါ...
Jk-မင်းတစ်ယောက်ထဲလား ခြံတံခါးကြီးလည်းပွင့်လို့...

အမှန်တော့ ဟိုလူကိုမတွေ့လို့ သွယ်ဝိုက်မေးလိုက်ခြင်းပင်....

Jm-အေးဟုတ်တယ်....အမေက ခုနကပဲ အိမ်က Arrjima
နဲ့ ဈေးသွားဝယ်တာမို့ ခြံတံခါးကဖွင့်ထားလိုက်တာ...

လိုရင်းမရောက်သော ဂျပုကောင်...

Jk-Ahh ဟိုဟာ...

မထူးတော့ပါဘူး ဒီထိရောက်လာမှတော့....

Jk-မင်းအကိုရော?
Jm-.......

ပြူးကြည့်လျက်.....

Jk-ဘာပြူးကြည့်နေတာလဲကွ?
Jm-မင်းက မမေးစဖူးမေးနေတာကို တွေ့ရင်လဲသတ်နေ
တဲ့သူတွေက....
Jk-မတွေ့လို့မေးတာဟေ့ မေးချင်လို့တော့မဟုတ်ဘူး...
Jm-သူလဲမရှိဘူး...Magic love parkကိုသွားတယ်...

Magic love parkဆိုသည်မှာ ပန်းခြံအသေးစားလေးတစ်
ခုပါပဲ...ဒါပေမဲ့ ပန်းခြံအဆုံးမှာ beach အသေးစားလေး
ထပ်ရှိသည်....ထူးထူးဆန်းဆန်းလှသောနေရာလည်းဖြစ်
သည်....ဒီမြို့လေးနဲ့သိပ်တော့မဝေးလှ....
Magic love လို့အမည်တွင်ရခြင်းမှာ...
ပန်းခြံထဲက ပန်းတစ်ချို့ကို ရေမျောပြီးဆုတောင်းရင် မဆုံ
ဆည်းနိုင်တဲ့ချစ်သူတွေ ကွဲကွာနေတဲ့ချစ်သူတွေ တွေ့ရ
တယ်လို့ဆိုရိုးရှိတာပဲ....

Pain is ခင်ဗျား • Taekook || COMPLETED ||Where stories live. Discover now