- 12 - ( Final )

12.8K 787 114
                                    

Pain is ခင်ဗျား 🥀 (Final)

Zawgyi

သတို့သမီးက ကျွန်တော့်ဆီ တစ်လှမ်းချင်းလျှောက်ရင်း
လာနေသည်....
ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသော်လည်း ရင်ထဲမှာ
ဝုန်းဒိုင်းကြဲနေသည်....
Jungkook ကိုသာရှာနေမိသည်....မတွေ့ပါ...
သူ့ကိုလုံးဝမတွေ့ပါ....စိတ်ထဲမှာ မသိုးမသန့်ဖြစ်နေသည်....
မဟုတ်မှလွဲရော ဒီတစ်ဇွတ်ထိုးဆန်တဲ့ ကောင်လေး!
တစ်ခုခုများ...?

"မောင်ရင်!"

သတို့သမီးလက်ကို ကျွန်တော့်ဆီကမ်းပေးနေသော
သူမအဖေက လှမ်းခေါ်သည်....

"ဘာတွေတွေးနေတာလဲ?"

"တောင်းပန်ပါတယ် ဦးလေး"

Yuki နဲ့ ကျွန်တော် သစ္စာကျိန်ဆိုရန်သာကျန်တော့
သည်....

"သတို့သမီး Yuki အား သတို့သား Kim Taehyung မှ
ထာဝရ ချစ်ခင်နှစ်သက်စွာပေါင်းသင်းပါမည်လား?"

ကျွန်တော် ဘာကိုမှမကြားပါ....သို့သော် Jungkook ရဲ့
စကားသံတွေကိုတော့ကြားသည်....

"ချစ်မိသွားရင် မုန်းလို့မရဘူး ကျွန်တော်လည်း ခင်ဗျားကို
ချစ်မိသွားလို့ မုန်းမရခဲ့ဘူး Kim Taehyung shi!"

"အဟက် ဟဟ ဟဟဟဟဟဟဟဟ ဘာ?
ဆုံးရှုံးရမှာစိုးလို့?ဟဟဟဟဟဟ ဆုံးရှုံးခဲ့ပြီးပြီလေ
ခင်ဗျားရဲ့ အချစ် စိတ် အားလုံးက အဲ့မိန်းမဆီမှာပဲလေ
ကျွန်တော် ဘာပိုင်ဆိုင်ရလို့လဲ"

"ကျွန်တော် အရင်က ခင်ဗျားကို အော်ခဲ့တာ မုန်းတယ်
လို့ပြောခဲ့တာတွေအတွက် ခု လက်စားပြန်ချေနေတာမ
လား ဟုတ်တယ်မလား? ဟုတ်တယ်မလား ?
Kim Taehyung!!!!"

"ခင်ဗျား ကျွန်တော့်အပေါ်ကောင်းခဲ့တာတွေကို သာယာ
ခဲ့မိတယ်.....မပိုင်ဆိုင်ပေမယ့်လည်း အဝေးကနမ်းရှိုက်
ခွင့်ရမယ်လို့ ထင်ခဲ့တယ်....ကျွန်တော် မှားခဲ့တယ်...
ခုတော့ ကျွန်တော့်ကို ထားခဲ့တာပဲ"

သူ့ရဲ့အပြုံးတွေ အချစ်တွေ အရာအားလုံးကို သိခဲ့မြင်ခဲ့
ရဲ့သားနဲ့ ဘာလို့များတုံးအခဲ့ရတာလဲ?

ကျွန်တော့်အတွေးတွေကိုင်လှုပ်ကာ နိုးလိုက်သူ....

"Tae ဘာတွေတွေးနေလဲ ဖြေလေ!"

Pain is ခင်ဗျား • Taekook || COMPLETED ||Where stories live. Discover now