- 6 -

6.7K 683 21
                                    

Pain is ခင်ဗျား🥀(Part-6)

Zawgyi

ဆုတောင်းရင်းနဲ့ မျက်ရည်တွေက တာကျိုးသလို တရစပ်....

သူနဲ့ရှိခဲ့စဉ်က သူ့ကိုမုန်းတယ်လို့ပြောခဲ့မိတာကိုနောင်တ
ရနေမိတုန်း....
ဒါပေမဲ့ သူက သိပ်ကိုကြင်နာတတ်တယ် ရိုးသားတယ်...
Sunday တိုင်း Date လုပ်ကြမယ်လို့ပြောပြီး ပြန်လာပါတော့!!!!

"ကောင်လေး!!!!!!!!!!!!!!!"

ဟင်!ဒါ ဒါ သူ့အသံပဲ သူ သူ ပြန်လာတာလား....
ဆတ်ခနဲ လှမ်းကြည့်လိုက်တော့ နေဝင်ချိန် နီနီလေးမှာ
သူက လှပစွာရယ်မောလျက် လက်ကိုဝှေ့ယမ်းပြသည်...
အရင်ကလိုပဲ သူဟာဘာမှမပြောင်းလဲခဲ့ဘူး....
အိပ်မက်လို့တောင်ထင်မိသွားတယ်....သူက ကျွန်တော့်ဆီ
ပြေးလာသည်....
ကျွန်တော့်ရှေ့မှာ တုံ့ခနဲရပ်လိုက်သည်....
အရမ်းကို ကြောင်ကြည့်နေရင်း ရုတ်တရက်သူ့ကိုဖက်
လိုက်သည်.....ဒါဟာ အိပ်မက်မဟုတ်....

သူကရုတ်တရက်ဆိုတော့ကြောင်သွားပေမယ့် ပြန်ဖက်
ထားပေးရင်း ကျောကို သုံးလေးချက် ခပ်ဖွဖွပုတ်သည်....
ကျွန်တော်သူ့မျက်နှာကိုတည့်တည့်ပြန်ကြည့်ကာ...
တကယ်ပျော်သွားမိတယ်....

Jk-ခင်ဗျား တကယ်ပြန်လာတယ်!
V-ပြန်လာတာပေါ့ကွ ကတိပေးထားတယ်လေ!ကတိ ကတိ!
Jk-ဒါဆို ခင်ဗျားက ကတိတည်တာပေါ့!
V-ဒါပေါ့!

ပြီးမှမျက်နှာကိုပြန်တည်လိုက်ရင်း....
သူ့လက်မောင်းကိုတစ်ချက်ပိတ်ထိုးလိုက်ကာ....

Jk-ဘာကတိလဲ?ကတိကလဲ နက်ဖြန်ဆို သုံးနှစ်ပြည့်ပြီ!
နှစ်ပေါက်တဲ့ကတိကြားဖူးလား?
V-အော် အဖိုးတန် ကတိပေါ့ကွာ!ဒါနဲ့ သုံးနှစ်?မင်းမှတ်ထား
တယ်ပေါ့!
Jk-ဟင်!မမှတ်ပါဘူး....ခင်ဗျားသွားတော့ အထက်တန်း
ကျောင်းက ပြီးတော့မှာလေ...ခုကျွန်တော်တောင်
တက္ကသိုလ် နှစ်နှစ်ပြီးလို့ တတိယနှစ်တောင်ဖြစ်ပြီ...
အဲ့တောင် သုံးနှစ်ပေါ့....နေ့မှတ်မိနေတာက ခင်ဗျား
သွားတဲ့နေ့မတိုင်ခင်က ဒီမှာပဲထိုင်ခဲ့ကြတယ်လေ...
အဲ့ဒါကမှတ်မှတ်ရရဖြစ်နေလို့....

သူခိုးလူမိသလို ဖြေလိုက်ရတယ်....အဓိပ္ပာယ်ရှိမရှိလဲမသိ
တော့ ထင်တာပြောချလိုက်သည်....
သူက ခပ်ရွဲ့ရွဲ့ရယ်ကာ.....

Pain is ခင်ဗျား • Taekook || COMPLETED ||Where stories live. Discover now