Episode 1

1.9K 47 0
                                    

နေလောင်ပန်း...(အပိုင်း-၁)
=================

#ဖြစ်လေရာဘဝတိုင်းတွင်မေတ္တာဟူသည်မင်းအတွက်ရောင်ပြန်ဟက်သည့်သဘောသက်ရောက်ပါစေနွေဦးရယ်.....

မင်းလက်ျာ ကားကိုမောင်းနေရင်းလမ်းလွှဲတစ်ခုကိုချိုးလိုက်သည်။(----)ဈေးအရှေ့ကတော့ သူထပ်မဖြတ်ခြင်တော့...။လွမ်းမောစရာအတိတ်သည် နှလုံးသားကိုစူးနင့်စေသည်။အတိတ်၏အရိပ်သည် ခုချိန်ထိ တစ္ဆေတစ်ကောင်လိုခြောက်လှန့်နေတုန်းပင်။

ဈေးအရှေ့လမ်းမကြီးကမဖြတ်ပဲ တစ်ခြားလမ်းဘက်ကဖြတ်သွားသည်ကိုမှ ကွက်သစ်ရပ်ကွက်လေးထဲလှမ်းဝင်စဉ်...ဈေး၏ မီးလောင်ငုတ်တိုလေးတွေကိုတစ်စွန်းတစ်စမြင်လိုက်ရသေးသည်။မင်းလက်ျာသက်ပြင်းရှည်တစ်ချက်ချပြီး ကွက်သစ်ရပ်ကွက်ရှေ့မှာကားရပ်လိုက်သည်။ဈေးဘက်ကိုမျက်နှာမလှည့်ဖြစ်အောင်ထိန်းရင်း ရပ်ကွက်အတွင်းသို့ခြေလှမ်းစဝင်လိုက်သည်။ရပ်ကွက်အတွင်းရှိလူများသူဝင်လာသည်ကိုမြင်သည်နှင့် စိတ်မကောင်းသည့်မျက်လုံးများဖြစ်ကြည့်ကြသည်။ဝမ်းနည်းသည့်အပြုံးများဖြစ်ပြုံးကြသည်။ထိုသူတို့၏အပြုံးသည် ဝမ်းနည်းခြင်းအသက်ဝင်နေပေမဲ့ မင်းလက်ျာစိတ်မနှစ်မြို့ပါ။ထိုအပြုံးထိုမျက်လုံးသည် တစ်ချိန်တစ်ခါတုန်းကလောဘတွေအပြည့်နဲ့ဒေါသတွေအတိဖြစ်ခဲ့ဖူးသည်။ထိုရပ်ကွက်အတွင်းရှိလူတိုင်းကိုတော့မဆိုလိုပါ...။သို့ပေမဲ့လူတိုင်းလိုလိုသည် သူတို့၏အတ္တနဲ့လောဘအတွက်သာကြည့်ပြီးဒေါသကိုမွေးမြူထားကြသည်။ပြုံးနေသည့်အပြုံးများကိုလစ်လျူရှူပြီး ရပ်ကွက်အတွင်းဝင်လာသည်။ထိုသို့လစ်လျူရှူမှုကိုနွေဥိးသိများသိရင်ခွင့်လွှတ်နိုင်ပါ့မလား...။သို့ပေမဲ့နွေဥိးရယ်...မင်းပြုံးပြတုန်းကဘယ်သူတွေကများအသိအမှတ်ပြုနေခဲ့လို့လဲ....။မင်းအတွက် ကိုယ့်အတ္တကိုတော့ သူတို့မြင်အောင်ပြခြင်မိသေးတယ်...။

ကွက်သစ်ရပ်ကွက်လေးသည် ကျူးလို့ပြောရင်ပိုမှန်မည်။ထရံမိုးထရံကာနဲ့ အိမ်အလုံး၂၀လောက်ရှိမည်။အိမ်စုလေးသဘောပင်...။မင်းလက်ျာလမ်းလျှောက်ဝင်လာရင်း နွေဦးတို့အိမ်ရှေ့ရောက်တော့ပင့်သက်တစ်ချက်ရှိုက်သည်။ခုတော့ ဒေါ်လေးချိုတို့အိမ်ပေါ့...။မင်းလက်ျာ မတိုးမကျယ်သောလေသံဖြစ် အသံပြုသည်။

နေလောင်ပန်းWhere stories live. Discover now