Episode 6

323 18 0
                                    

နေလောင်ပန်း...(အပိုင်း-၆)
=================

လက်ျာ နွေဦးကိုသူ၏ရင်ခွင်အတွင်းသို့ဆွဲသွင်းလိုက်သည်။ပြောမပြတတ်သည့်ပျော်ရွှင်မှုတစ်ရပ်ကို လက်ျာနှလုံးသားထဲခံစားလိုက်ရသည်။ထိုပျော်ရွှင်မှုကို အချစ်ဟု လက်ျာသတ်မှတ်လိုက်သည်။

"ကိုယ်အရမ်းဝမ်းသာတယ်နွေဦးရယ်....မင်းအတွက်ဆို..လောကဓံလမ်းဘယ်လောက်ကြမ်းပါစေကိုယ်ဖြတ်ကျော်မယ်...မင်းလက်လေးကိုသာကိုင်ဆွဲထားရင် ကိုယ်အရာရာရင်ဆိုင်ရဲတယ်...."

နွေဦး လက်ျာရင်ခွင်လေးထဲမှာခေါင်းမှီ၍စကားတစ်ခွန်းဆိုသည်။

"အနာဂတ်ကို ညီနဲ့ကိုလက်တို့ကြိုမတွေးကြတာကောင်းမယ်ထင်တယ်....အနာဂတ်ဆိုတာညီနဲ့ကိုလက်ကြား မဖြစ်နိုင်တာတွေနဲ့ပဲပြည့်နှက်နေတယ်..."

"မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးညီရယ်...မဖြစ်သေးတာပဲရှိတယ်....ကိုယ်တို့တူတူကြိုးစားကြတာပေါ့နော်..."

နွေဦး လက်ျာရင်ခွင်လေးအတွင်းမှခွာလိုက်ပြီး မြစ်ပြင်ကျယ်ကိုငေးမော့ကြည့်လိုက်သည်။
ပြီးနောက် သက်ပျင်းချသည်။

"ပျော်စရာနဲ့ကြည်နူးစရာပဲတွေးကြတာပေါ့..."

လက်ျာခေါင်းညိတ်ပြလိုက်သည်။နွေဦး၏ပျော်စရာပဲတွေးမည်ဆိုသည့်စကားသည် လက်ျာ၏အတွေးထဲက အနာဂတ်ကိုလှုပ်ခတ်သွားစေသည်။သူတို့လှောက်ရမည့်အနာဂတ်လမ်းသည် ကြမ်းတမ်းလိမ့်မည်...ပို၍ကြမ်းတမ်းလိမ့်မည်...အကြမ်းတမ်းဆုံးဖြစ်လိမ့်မည်သာရှိသည်။ကြမ်းတမ်းမှုလျော့နည်းသွားခြင်းမရှိမည်ကိုတော့နှစ်ဦးလုံးသိမှတ်ထားပြီးသားပင်...။

လက်ကျာ နွေဦးဘက်ကိုလှည့်ကြည့်သည်။တိုက်ခတ်လာသောလေပြေညှင်းကြောင့် နွေဦးနဖူးပေါ်ကဆံပင်လေးများသည် လွင့်နေသည်။လက်ျာ မတိုးမပျော့သောအသံဖြစ် နွေဦး၏အမည်ကိုခေါ်သည်။

"ညီ...နွေဦး..."

နွေဦး...လက်ျာဘက်ကိုလှည့်ကြည့်ချိန် လက်ျာရင်ထဲစိုးရိမ်မှုတစ်ခု ဝင်လာသည်။ယခင်ကမျက်နှာခြင်းဆိုင်တိုင်းမြင်တွေ့ရသောနွေဦး၏အပြုံးလေးသည် မှေးမှိန်ပျောက်ကွယ်လို့နေလေပြီ ...။

နေလောင်ပန်းWhere stories live. Discover now