Episode 3

373 24 0
                                    

နေလောင်ပန်း...(အပိုင်း-၃)
=================

လက်ျာ ကွက်သစ်လမ်းထဲသို့ချိုးပြီးဝင်လိုက်သည်။ကွက်သစ်လမ်းမဟုတ်အိမ်ကြိုအိမ်ကြားကလမ်းသဖွယ်ဖြစ်နေခြင်းဖြစ်ပါသည်။လက်ျာဝင်လာတော့ ရပ်ကွက်အတွင်းရှိလူတွေကစပ်စုလိုသေညအကြည့်များဖြစ်ကြည့်ကြသည်။ထိုကွက်သစ်အတွင်း လက်ျာလိုသားနားစွာဝတ်ဆင်၍လာသူမရှိဖူးဘူးထင်ရသည်။လက်ျာနှာခေါင်းတစ်ချက်ရှုံ့သည်။ကွက်သစ်၏အနံ့အသက်သည်သိပ်မကောင်းခြင်...။မေးစမ်းပြီးဝင်လာခဲ့ရာ...ခပ်လှမ်းလှမ်းတွင် နွေဦးတို့အိမ်ကိုမြင်တွေ့လိုက်ရသည်။ထရံကာဓနိမိုးအိမ်လေးဖြစ်သည်။လက်ျာအိမ်ရှေ့တွင်ရပ်ကာ အတွင်းသို့လှမ်းကာကြည့်မိသည်။
အိမ်ရှေ့ခန်းထဲတွင် စောင်ကိုခေါင်းမြီးခြုံကာလှဲနေသောသူတစ်ယောက်ကိုတွေ့လိုက်ရ၏။လက်ျာအသံပြုသည်။

"နွေဦး...နွေဦး"

လက်ျာအသံကြားတော့ခေါင်းမြီခြုံထားသူကစောင်ကိုဖယ်လိုက်သည်။လက်ျာသေချာစွာကြည့်မိတော့နွေဦးဖြစ်နေသည်။နွေဦးလှဲနေရာမှအားယူထိုင်ကာလက်ျာကိုပြုံး၍စကားဆိုသည်။

"အော်ကိုလက်ျာပါလား....လာလေ..."

နွေဦး၏အသံသည့ အားအင်ဖျော့တော့နေသောအသံပေါက်နေသည်။လက်ျာတဲအိမ်လေးအတွင်းသို့ဝင်လာသည်။နွေဥိးတို့အိမ်သည် ဟောင်းနွမ်းနေပေမဲ့အတွင်းတွင်သန့်ရှင်ပားသည်။လက်ျာနွေဦးဘေးတွင်ဝင်ထိုင်လိုက်ချိန် တစ်ဖက်အခန်းတွင်းမှ အသံတစ်သံကိုကြားလိုက်ရသည်။

"သားကြီးရေ...ဘယ်သူလဲဧည့်သည်လား..."

"ကျွန်တော့်ဧည့်သည်ပါမေမေ..."

"အော်အေးအေးကွယ်..."

အခန်းထဲမှအသံပျောက်သွားသည်နှင့် နွေဦးလက်ျာဘက်ပြန်လှည့်သည်။

"ဘာကိစ္စရှိလို့လဲကိုလက်ျာ..."

"အော်...ညီလေးဒီနေ့ဈေးမလာလို့သတင်းလာမေးတာပါ..."

"ကျွန်တော် နေမကောင်းခြင်သလိုဖြစ်ပြီး အပူငုတ်လို့ခေါင်းတွေကိုက်နေလို့မလာဖြစ်တာပါ..."

"ဘာဆေးသောက်ထားလဲ..."

လက်ျာမေးအပြီး နွေဦးခေါင်းငုံ့သွားသည်။

နေလောင်ပန်းWhere stories live. Discover now