Episode 2 zawgyi

382 20 0
                                    

'မကျိန်လေပဲ သင့်ခဲ့ပြီ...(အပိုင်း-၂)´
=======================

ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ ရောက်စဉ်မှာပင် ကျောင်းထိုင်ဆရာတော်က အရုဏ်ဆွမ်းဘုဉ်းပေးရန်ပြင်ဆင်နေသည်။ကျွန်တော်တို့ကိုမြင်တော့ ဆရာတော်က နှုတ်ခွန်းဆက်စကားအရင်ခြွေသည်။

"လာလာ...ဒကာလေး.စောမောင်ပါလား...ဒီမှာ ဗိုလ်လုံတို့ အခြေပြုနေတုန်း သူတို့ကအရုဏ်ဆွမ်းကပ်လို့ဘုဉ်းပေးတော့မလို့..."

"တင်ပါ့ဘုရား..."

အရုဏ်ဆွမ်းကပ်ရန် ကျွန်တော်က ရှေ့ကိုလှမ်းစဉ်မှာပင် ကျွန်တော့်အရှေ့ရှိစစ်သည်က ဆွမ်းချိုင့်အားကျွန်တော့်ထံလှမ်းပေးသည်။
ကျွန်တော်က သူ၏မျက်နှာကို မော်မကြည့်ရဲပဲ ခေါင်းငိုက်စိုက်လျက်တုန်တုန်ချိချိဖြင့် သူ၏လက်အတွင်းမှ ဆွမ်းချိုင့်ကိုလှမ်းယူကာ ဆွမ်းပွဲများပြင်ထားသည့် ထမင်းဝိုင်းရှေ့သို့
ခပ်သုတ်သုတ်လေးသွားကာ ဒူးကိုတုပ်လျက် ထိုင်လိုက်သည်။

ကျွန်တော်က ဆွမ်းပွဲများပြင်ဆင်ပေးနေတုန်းမှာပင် အနောက်မှခြေဖွဖွလေး တစ်ချက်လျှောက်သံကိုကြားရသည်။ထိုအသံသည် ခုနကစစ်သည်ကျောင်းအောက်သို့ပြန်လည်ဆင်းရန် ကြွလိုက်သည်ပထမဆုံးခြေလှမ်းသံဖြစ်မည်။ထိုအသံကိုကြားရသည်နှင့် ကျွန်တော့်စိတ်များပေါ့ပါးလွတ်လပ်သွားသလိုပင်ဖြစ်ကာသွားရသည်။

"ဗိုလ်လုံ...လာလေဘာလို့လဲ...တစ်ခါထဲဝင်ကပ်လိုက်ပါလား...."

အို ပေါ့ပါးနေသောစိတ်လေးများပင် ဆရာတော်၏စကားသံကြောင့်လေးလံထိုင်းမှိုင်းသွားရသည်။ထိုသို့သော ကြောက်စိတ်မျိုးဝင်ရောက်လာလျှင် ကျွန်တော်အမြဲတမ်းကိုယ့်စိတ်ကိုပြန်စမ်းစစ်မိသည်။ငါသည်ဘာအတွက်ကြောင့် စစ်သားတွေကိုကြောက်လန့်နေရပါသနည်း။ကြောက်လန့်မှုဟူသည် တစ်စုံတစ်ခု၏ပရောဂကြောင့်သာပင် ဖြစ်ပေါ်လာရိုးထုံးစံရှိသည်။ထိုပရောဂမှာလဲ ကိုယ်တိုင်ကြုံတွေ့ရသည့်ပရောဂရှိသလို တစ်စုံတစ်ဦးက ကျွန်တော်တို့၏အသိစိတ်ကို စိုးမိုးအောင် ပြုလုပ်ထားသော ခြောက်လှန့်မှုတစ်ခုကြောင့်လဲဖြစ်လာနိုင်သည်။ယခုစစ်သားများအပေါ်ကြောက်လန့်မှုသည် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပရောဂကြောင့်ဖြစ်တည်မှုအလျဉ်းမရှိပေ...။ထိုသို့ဆိုလျှင် ကျွန်တော်၏ကြောက်လန့်မှုသည် တစ်စုံတစ်ဦး၏လွှမ်းမိုးမှုကြောင့်သာပင်ဖြစ်နိုင်သည်။မှန်ပါသည် ကျွန်တော်တို့ အသက်ငယ်ငယ်အရွယ်လေးထဲက ကျွန်တော်တို့၏ မသိစိတ်ထဲတွင်ကိန်းအောင်းနေသောဝေဒနာအစိုင်အခဲလေးများစွာရှိပါသည်။စစ်တပ်ဟု အမည်ကြားရပါက ခိုးဆိုးလုနှိုက်၊လူသတ်မုဒိမ်းကျင့် သည့်လူ့အဖွဲ့အစည်းတစ်ခုဟုသာ ရှေးစကားများက ကျွန်တော်တို့၏စိတ်ထဲတွင် ရုပ်လုံးပေါ်အောင် ပုံဖော်ပေစခဲ့ကြသည်။ထိုမသိစိတ်တွင်ကိန်းအောင်နေသော အစိုင်အခဲများသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ရုပ်လုံးကြွလာကာ ကျွန်တော်တို့၏အသိစိတ်ကိုပါဖုံးလွှမ်းသွားပါသည်။

မကျိန်လေပဲ သင့်ခဲ့ပြီNơi câu chuyện tồn tại. Hãy khám phá bây giờ