Episode 4 zawgyi

166 16 0
                                    

မကျိန်လေပဲသင့်ခဲ့ပြီ...(အပိုင်း-၄)
======================

နေမင်းရောင်ဝါသည် မထိန်ငြီးခြင်းသဘောဖြစ် အနောက်တောင်စွယ်ကို တိမ်းခိုလုနေပြီ...။ မိုးရိပ်မိုးသားတို့ဖြစ်ရောင်ဝါမထွန်းသဖြင့် တစ်ချို့လူတွေအတွက်သတိမပြုမိပေမဲ့ ကျွန်တော့်အတွက်တော့ သတိပြုမိနေသည်။

နေကစောင်းနေပြီ။ ဗိုလ်ကြီးစစ်နိုင်အတွက် စိုးရိမ်စိတ်များကြောင့် တောင်စွယ်နေကွယ်နေသည့် အခြေအနေကို တစ်စိမ့်စိမ့်တွေးကာ ငေးကြည့်မိသည်။ ထိုသို့ငေးကြည့်ရင်း ဗိုလ်ကြီးအတွက် ပြင်ဆင်ထားသော ထမင်းဟင်းများကိုလဲ တစ်ချက်ချက်တော့ ကျွန်တော် သတိဝင်မိသေးသည်။ ဗိုလ်ကြီးသည် ကျွန်တော်ပြင်ဆင်ထားသော ထမင်းဟင်းများကို စားသုံးဖို့ပင် အခွင့်အရေးရပေလေစွ။ ဗိုလ်ကြီးအတွက် မတွေးတောချင်သော အန္တရာယ်ရန်ဘေးသည် ကျရောက်လို့သွားမည်လား။ ခုချိန်ထိ ရွာဝင်လမ်းအတွင်း ဗိုလ်ကြီးစစ်နိုင်တို့၏ စစ်ကြောင်းအရိပ်အယောင်ကိုမတွေ့ရသေးပေ။ ကျွန်တော့်၏ အတွေးနယ်ပယ်စိတ်အစဉ်သည် ထိန်းသိမ်းနိုင်ဖို့ခဲယဉ်းကာ အဆိုးဘက်သို့သာ ကျရောက်နေသည်။ မတွေးဖို့အသိပေးနေပေမဲ့ စိုးရိမ်စိတ်များကြောင့် တစ်ခုခုဟူသော အဆိုးကိုသာ ကျွန်တော်တွေးမိနေသည်။

အိမ်ပြတင်းဘောင်မှ ရွာဝင်လမ်းကိုငေးကြည့်ရင်း သက်ပျင်းချမိသည်ကအခါခါပင်ဖြစ်၍နေသည်။ကျွန်တော့်၏ အမြင်အာရုံနှင့်စိတ်အာရုံသည် ရွာ်အဝင်လမ်းသို့သာစိုက်ရောက်နေသည်။တစ်ခြားဘေးပတ်ဝန်ူကျင်ကိုပင်သတိမမူမိပေ။

"စောမောင်......"

အို...ခပ်ပြတ်ပြတ်ခပ်သြသြဖြင့် ကျွန်တော့်နာမည်ကို ခေါ်သည့်အသံကြားလိုက်ရသောကြောင့် ကျွန်တော်ဖြတ်ခနဲတစ်ချက်လန့်ကာတုန်သွားသည်။ထိုနေရာတွင်တစ်ခြားသူ၏ခေါ်သံဆိုကျွန်တော်သတိထားမိမည်ပင်မဟူတ်ပါ။သို့ရာတွင် ကျွန်တော်စောင့်စိုင်းမျှော်မှန်းနေသည့် ဗိုလ်ကြီးစစ်နိုင်၏အသံဖြစ်သောကြောင့်ကျွန်တော်ထိတ်လန့်အံ့သြသွားရခြင်းဖြစ်သည်။သူ၏အသံကိုကျွန်တော် အားစိုက်ကာသတိမမူရပဲ အချိန်အနည်းငယ်လေးအတွင်းမှာပင်ကျွန်တော့်၏ဦးနှောက်တွင်စွဲထင်နေသည်။

မကျိန်လေပဲ သင့်ခဲ့ပြီWhere stories live. Discover now